Sunday, July 24, 2011

to Mr.Ice,

to Mr.Ice,

ဆြာချိမ့်စောင့်ခဲ့သော ခင်ခင်ပျိုသည် အသက်ခြောက်ဆယ် ကျော်လွန်သွား၊ ရပ်ကွက်ထဲမှ ဂိမ်းဆော့ရင်း မီးပြတ်သွားသော ကလေးများပမာ ထက်သန်တက်ကြွခဲ့သော မျှော်လင့်ခြင်းများ လွင့်စင်ပျက်ကျချိန်ခဏ၊ Meth ကို IUPAC ဖြင့် N-methyl-1-phenylpropan-2-amine ဟုခေါ်တွင်ကြောင်း သိရန်မလို၊ C10H15N သည် မူးယစ်ဆေး တစ်မျိုးသာဖြစ်၊ လိုအပ်လျှင် ရာခိုင်နှုန်း အနည်းငယ် မီးရှို့ပြလိုက်ရန် လို၊ သတင်းထောက်များ မျက်ရည်ဝဲ၊ သင်လည်း မျက်ရည်ဝဲ၊ ရင်ကွဲပက်လက်ဖြင့် စောင့်နေခဲ့သည် သို့သော်၊ သူမသည်လည်း စောင့်နေခဲ့သည်၊ သို့သော် ကျွန်တော်တို့ စောင့်နေနခဲ့ကြမှန်း မေ့လျော့ခဲ့သည့် အကြောင်းကိုပင် ထပ်မံမေ့လျော့သလိုလိုဖြစ်၊ အသင်လောကသည် ရက်စက်သောသဘောရှိကုန်သည်ဖြစ်၍ သတိ အထားအသိုမှားယွင်းလာ၊ သူရဲကောင်းဝါဒသည် ရော်ဘင်ဟုဒ် သေကတည်းက ပျောက်ကွယ်သွားပြီဖြစ်သည်ဟု ၀ါဝါ ပြောသွား၊ မကြားသလိုလို၊ကြားသလိုလို၊ တစ်ချက်ပြီးတစ်ချက်၊ ပဲ့တင်သံသည် အမှန်တွေကို ချန်ထားရစ်ခဲ့သည်ဟု ဆိုသူဆို တကယ်တော့ ၀ါကျရှည်များသည် ဒေါသသင့်ကြောင်း ကျွန်တော်တို့သိခဲ့တာ အတော်လေးကြာပါပြီဆရာ။

Regards,

Xanthos