Sunday, June 12, 2011

မူကွဲ။

မူကွဲ။

မီးရထားကြီးထွက်သွားတော့
ငါ့မှာ တော်တူးတော်နဲ့ကျန်ခဲ့၊
လေယာဉ်ပျံကြီးထွက်သွားတော့
ငါ့မှာ အေးစိမ့်တုန်ခါကျန်ခဲ့၊
ကျန်ခဲ့ရတာတွေထဲမှာ
ဘယ်ကျန်ခဲ့ရတာကိုကြိုက်ပါသလဲရှင်ဆိုလို့
ထဆဲမိလိုက်သေးတယ်။

ဒီလိုနဲ့
ကတ္တီပါလမ်းခွဲရောက်တော့
ငါ
မင်းနှလုံးသားနဲ့ကျန်ခဲ့ပြန်တယ်။ ။

Notes:
တကယ်တော့ချစ်တယ်ဆိုတာ ကျည်ဆံအပြည့်ပါတဲ့ခြောက်လုံးပြူးနဲ့ Russian roulette Game ကစားခြင်းပါပဲ။