Friday, June 10, 2011

သံဝေဂရရာမှအစပြု၍

သံဝေဂရရာမှအစပြု၍

ခေါ်မကြားအော်မကြား
ဖြစ်စဉ်များ၏အစ၊အလယ်၊အဆုံး၊
မိမိသည်
မိမိ၏
အရှင်သခင်လည်းမဟုတ်၊
ငွေတိုးချေးသမားလည်းမဟုတ်၊
ဗုံမဟုတ်၊ပတ်မဟုတ်၊
ဗုံပတ်လည်းမဟုတ်။

တစ်ခုခုဖြစ်ကိုဖြစ်မှဆိုလျှင်
သူသည်
ဆွဲကြိုးချသူ၏
နောက်ဆုံးခုန်သော
သွေးခုန်နှုန်းလေးဖြစ်ချင်သည်။

ဒါမှမဟုတ်
သူမ နမ်းခါနီး
ပျောက်ဆုံးသွားသော
တစ္ဆေ္ဆတစ်ကောင်ဖြစ်ချင်သည်။

ရေထဲတွင်ပြန်မြင်ရသော သူမမှာ
ကျွန်တော်ဖြစ်နေသည့်အခိုက်အတန့်
စိတ်ကို
အခိုင်အခန့်လွမ်းမိပါသည်။ ။