Wednesday, October 17, 2012

သေအောင်ဗုတ်ထ်

သေအောင်ဗုတ်ထ်

ပလာတာဒယ်အိုးတွေသိပ်များ
အလွန်အကျွံ၊စိတ်ခံစားလွယ်၊
သေမတတ်အကဲပို၊
ဆပ်စလူးခါတွန့်၊
မဗုတ်ထ်တဲ့သူများ
ငရဲလားတော့မယောင်၊
ဒီမယ်ဟေ့ကောင် ............၊ သိပ်အရူးမထနဲ့။

ရေထဲကိုငုံ့ငုံ့ကြည့်ရင်း၊
ရေထဲကို ငုပ်ငုပ်လျှိုးသွား
အရိပ်များ၊
အသွားလည်းခက်၊
အပြန်လည်းခက်၊
ခက်ရတာကိုက မလွယ်ဘူး။

အသက်ဖွဖွရှူ၊
ပုခုံးစွန်းကို ဖွဖွလေးမီထား၊
သူ့အရိပ်နဲ့ ကိုယ့်အရိပ်ငြိနေတာ၊
ဟိုးငယ်ငယ်လေးကတည်းက၊
သူ နှုတ်ခမ်းနီမဆိုးတတ်ခင်၊
ကျနော် ဆေးလိပ်မသောက်တတ်ခင် ကတည်းက။

နေရောင်ခြည်မှာ
ဗီတာမင်ဒီပါရင်
လရောင်မှာ
အလွမ်းပါတာဘာဆန်းလဲ။

ချစ်လို့နမ်းတဲ့အနမ်းမှာ
ဘာပါဖို့လိုသေးလဲ၊
လဲသေလိုက်ဟေ့ကောင် ...........၊

ညယောင်ဆောင်ထားတဲ့
ညမွှေးပန်းရနံ့ကို
ကြယ်ယောင်ဆောင်ထားတဲ့
ပုလင်းခွံထဲထည့်ပြီး
အသေပိတ်ထားလိုက်ပြီ၊
အသည်းခဏခဏကွဲရင်
အသက်အန္တရာယ်ရှိတယ်၊
အကျင့်ပါသွားနိုင်တယ်။
ဒီထက်ဆိုးတာက
မကြာမကြာ
လပြည့်ညမှာ
ထထအူတတ်လာတာပဲ၊

ဒီလောက်ပါပဲဆရာ၊
ကျွန်တော်ရူးနေတာသူသိပါတယ်၊
သူရူးနေတာကိုသာ
ကျွန်တော်မသိခဲ့တာ။

ဆေးရုံကနေ သူ့ကို
ပြန်လွှတ်ပေးလိုက်ကြပါ။                    ။