Sunday, January 30, 2011

တစ်ခါက တီကောင်တစ်ကောင်ရှိလေသည်။

တစ်ခါက တီကောင်တစ်ကောင်ရှိလေသည်။

ထိုထို ကိုယ်အမူအယာနှုတ်အမူအယာချိုသာညင်းပြောင်းသွယ်လျ၊ကြမ်းရှခါးသက်လာရာမှအစချီပြုပြောကြံသည့်တိုင်အောင်မမြည်နိုင်သည့် အချိန်အခါမရောက်မီ နွမ်းဖတ်ယိုင်နဲ့ခဲ့ရသောမျှော်လင့်ချက်ပေါ်သို့ ဖိနပ်ချွတ်ပြီးမှတက်ကြပါရန်လေးနက်သော်လည်းသိမ်မွေ့တိုးသက်သောအသံဖြင့်ချော့မော့ပြောကြားသလိုနေစဉ်ခဏ ....... ဟင့်အင်းဆိုတာဘယ်လိုအဓိပ္ပာယ်လဲ ....အိပ်ချင်ပြီကွယ်....မနက်ဖြန်၊ဆန်ပုံးထဲမှာ အာကာသယာဉ်ပျက်ကျသွား၊ မီးတောင်များဆီမှပြာမှုန်များဝင်ရောက်နေထိုင်သွားသော အိမ်ထောင်ဦးစီးမျက်လုံးများ၊ရှင် ခေတ်ဟောင်းမှာနေခဲ့ရင်ကောင်းမှာ တဲ့လေ ...မဟုတ်ဘူးကွယ်၊ကိုယ်တကယ်ချစ်တာ၊ ပညာတတ်မာနထောင်းခနဲမြောင်းထဲလွင့်ထွက်သွားတဲ့ ၂၀၀၅၊၂၀၀၆၊၂၀၀၇၊ ကမ္ဘာကြီးမှာ ဂြိုဟ်ကြီးကိုးလုံးကနေရှစ်လုံးဖြစ်သွားသလို လောကဓံပါးရှစ်စိတ်ကွဲမတတ် ဖိနပ်နဲ့ရိုက်ရန်အရွယ်၊ ပါးစပ်ဟနေသလို ဟနေသော သားရေပြားကွာကတ္တီပါဖိနပ်ဟောင်းနွမ်း၊ခေတ်ကိုဖြတ်တိုက်ချသွားတဲ့ ကားနံပါတ်မကိုမမှတ်မိ၊ သောက်ရမ်း မောင်းချသွားတယ်ဆိုလား မြည်တွန်တောက်တီး၊ အမယ်အိုကြီးကို လမ်းဖယ်ပေးလိုက်ပြီ၊ ( အကျယ်ချုပ်မထားတော့ပါ )....ထိုအရာသည်ခိုစာကျွေးခြင်း၊ သမုဒယလည်ပုံပြတ်ပုံကို အာပေါင်အာရင်းသံသံဖြင့်ခိုင်မာပြခြင်းတစ်မျိုးပါလားဟုသံဝေဂမရခင် မင်း မင်း ... ဘုရားဘုရား .... ကြံမိကြံရာမှားယွင်းပါပကောလား အာမေဍိတ်ပြပွဲထွင်လုံးဆင်လုံးများရပ်တန့်သွားသလို ...စကားထစ်နေသောကဗျာများဖတ်ရင်း စိတ်ထစ်လာသလိုလို ခံရခက်ကြီးဖြစ်နေတဲ့ မောဟ....ဟူးးးးမင်းရေးတာဖတ်ရတာမောတယ်ကွာ xanthos၊ေxာက်ရူး... ငါ့ကို ဒီတစ်ပတ်ဖတ်တာထဲက စိတ်ဝင်စားစရာပြော ...မင်းအဖေက မာကေးမဟုတ်ဘူး..သိပ်ရှည်တာမရေးနဲ့.....လူနားမလည်တဲ့အာပတ်သင့်တယ်ဆိုလားထိုသူပြောသွား Zephyr ဖြစ်ဟန်တူသလိုရှိ.....ဖွဖွကလေးရွှေ့လျောထွက်ခွာသွား ....လမ်းတစ်လျှောက် ...ထိုနေရာသို့အရွှေ့၊အကြည့်ပြောင်း၊အနှေးရိုက်ချက်၊ တီကောင် ...အထီးလည်းသူ၊အမလည်းသူ တွင်းထဲဝင်သွားတယ်လို့ အခိုင်အမာယုံကြည်လျက် တိမ်တိုက်နှင့်ပန်းပွင့်များကိုသူထားရစ်လေပြီ။

>>>>>
xanthos