Monday, December 27, 2010

တန်ဖိုး ...

တန်ဖိုး ...

အလကားရရင် လူတွေက တန်ဖိုးမထားကြဘူး။

အဲဒီစကားမှာ
  • အလကား
  • လူ
  • တန်ဖိုးထားမှု၊မထားမှု တွေပါတယ်။
အလကားမရရင် တန်ဖိုးထားမှာလား။
လူမဟုတ်ရင် တန်ဖိုးထားမှာလား။
တန်ဖိုးထားရင် လူမဟုတ်ဘူးလား ....။
တန်ဖိုးထားတဲ့လူတွေဆို အလကားမရဘူးလားဆိုတာတွေဖြစ်လာတယ်။

တန်ဖိုးရှိတဲ့အရာဟာ ထိုက်တန်တဲ့သူဆီပဲရောက်ရင်မကောင်းဘူးလား။
နားလည်မှုဆိုတာ အလိုလိုရောက်လာတာလား ... လက်ခံဖို့ပြင်ဆင်ထားသူဆီပဲရောက်လာတာလား။

(မေးခွန်းများများမေးပြီး ၊ အဖြေနည်းနည်းပဲလိုချင်တဲ့သူမျိုးဟာ အပျင်းပြေလိမ့်မယ်။)
မေးခွန်းတွေကို သူများဖြေတာဖတ်ရင် ကိုယ့်မှာ အဖြေမရှိသေးဘူး။ ကိုယ့်မှာ အဖြေရှိရင် ...ဘ၀ဟာ ပိုပြီးရိုးရှင်းလာတယ်။

Road to the simple life ...
By Xanthos