Sunday, February 6, 2011

ပုံပြင်

ပုံပြင်

ခေါင်းဆောင်ကြီးကပြောတယ်။ ခေါင်းဆောင်ကောင်းရှိမှပေါ့ကွတဲ့။
ခေါင်း ...ဆောင်....ကြီး.. ခြေ..ထောက် .....
နေစမ်းပါ အထစ်၊
ခြေထောက်က အရေးမကြီးဘူး။
လိုနေတာခေါင်းကွ။
မ ...မ...ဟုတ်...ဘူး...
အေးမဟုတ်ဘူးဆိုတာက သဘောမပေါက်သေးလို့၊ သဘောပေါက်လာရင်ဟုတ်လာမယ်။
ခေါင်း ...ဆောင်....ကြီး.... ခြေ....ထောက်
အာ အထစ်၊ မင်းသိထားဖို့က ဒီခြေထောက်တွေဟာ
သမိုင်းနဲ့နင်းဖြတ်လျှောက်လာတာ
........
ဟေ့လူ ...ပြောတာသေချာနားထောင်၊
ခင်ဗျားတပည့်ပြောချင်တာ ခင်ဗျားခြေထောက်
မစင်နင်းမိထားတယ် ဆိုတာပဲ
ဘေးလူတွေပြောမှ
ခေါင်းဆောင်ကြီး အနံ့ရသွားတယ်။
ခြေထောက်က အရေးမကြီးဘူး။
သမိုင်းကိုနင်းရင်း မစင်ပုံလည်းနင်းမိသွားနိုင်တာပဲမဟုတ်လား။
ခေါင်းဆောင်ကြီး
ပရမတ်ကျကျနံသွားတဲ့အခါ
ရေကို ရှူးရှူးရှားရှားရှာနေတယ်
သမိုင်းကိုနင်းခဲ့တဲ့ ခြေထောက်တွေနဲ့ ....
တပည့်တွေခမျာ နှာခေါင်းကိုပိတ်လို့ ...........။

Notes:
သမိုင်းကိုနင်းခြေထားသော ခြေထောက်များဆီသို့။

Triangle

တြိဂံတွေဟာ
အတွင်းထောင့်တွေကို အပေါင်းမခံချင်လို့
ခပ်ဝေးဝေးမှာနေကြတယ်။ သူတို့သဘာဝထဲ အုတ်တွေ၊ကျောက်တွေ၊ အရောမခံနိုင်ဘူး။
အရောခံနိုင်တဲ့ တြိဂံကြတော့ ပိရမစ်ဘ၀ကို အရှင်လတ်လတ် ကူးသွားကြတယ်။
ခွဲစိတ်ဓားထဲမှာ ကဗျာမပါတော့ဘူး။ဆော့ဖ်ဝဲထဲမှာ ကဗျာမပါတော့ဘူး။အမှိုက်ပုံထဲမှာ ကဗျာမပါတော့ဘူး။၎:၄၄ မိနစ်မှာ အသက်ငင်နေသည့်တိုင်အောင်
၅:၅၅ မိနစ်မှာ သေဆုံးမယ်လို့အာမမခံနိုင်ဘူး။
ခမ်းနားကြီးကျယ်ပြချင်တာဟာ စိတ်ကျဝေဒနာရှင်မှတ်ပုံတင်တစ်ခုမျှသာ...............။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Life is anti-U-trun road, dudes.
Our brake had broken.
>>>>>>>>>>>>>>>>>>>>>>>>>>>>>>