Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Saturday, November 19, 2011

ခုန်ချလိုက်တယ် ......နေပြန်ကောင်းမယ့်လောကကြီးဆီ၊ ဆိုပါတော့ ရောက်သွားရော ပိုဆိုးတဲ့လောကကြီး။

ခုန်ချလိုက်တယ် ......နေပြန်ကောင်းမယ့်လောကကြီးဆီ၊ ဆိုပါတော့ ရောက်သွားရော ပိုဆိုးတဲ့လောကကြီး။

သတ်သေခြင်းကို သက်သေလိုက်ရန်မလို၊ သေပြီးသားလူအတွက် အမနာပ စကားတင်းမလို၊
မသိခဲ့ခြင်းများအတွက် မည်သူမျှ -င်ယားနေရန်မလို။
ကိုယ်ပိုင်ဆိုင်သောအသက်ကို လေးလေးလံလံသယ်ဆောင်မထားချင်သောသူများ
ပေါ့ပေါ့ပါးပါး
ပျံသန်းနိုင်စေသတည်း။ (xanthos)

သွေးတွေလန့်ပျံသွားတော့ .... ၀ိညာဉ်တစ်ဝက်စွန်းကွက် ဒိုင်ယာရီစာအုပ်ထဲထိုးထွက်
လာတယ်။
ဘယ်လို
အကြည့်မျိုးလဲ။ ဘယ်လိုအငြိမျိုးလဲ။ ဘယ်လို သံယောဇဉ်လဲ။ ဘယ်လိုတက်တူးလဲ။ ဘယ်လိုအိမ်မက်ကို ဘယ်လို ဂဟေတို့ထားခဲ့လဲ။ ဘယ်လို
သံ၊သတ္တုရိုင်းက
ဘယ်လို မာခြင်းအဆင့်လဲ။ ဘယ်လိုချစ်ခြင်းဟာ မေတ္တာတရားကို အစားထိုးမှာလဲ။ မဖြစ်နိုင်ခြင်းတွေ နှစ်ယောက်ကြားမှာ မြင့်မားတံတိုင်းတွေ၊ အဖြစ်မှန်ကို လက်မခံနိုင်ရင်တော့ (အဖြစ်မှန်ရှိတဲ့လောကထဲက)ထွက်မှပဲဖြစ်မယ်မဟုတ်လား။(zephyr)

တစ်ခါက ဓားဦးချွန်ကို ဆုပ်ကိုင်၊ ရင်ဘတ်ထဲထိုးသွင်းပစ်မယ်လို့ဆုံးဖြတ် ......... အဲဒီနေ့တွေက နီးနီးလေး ........အဲဒီနေ့တွေက နီးနီးလေး .......... ရင်ဘတ်နဲ့ဓားနဲ့ဟာ နီးနီးလေး၊ အလျားခြောက်လက်မ၊ လေ၀င်မျှော့ကြောင်းဟာ သေခြင်းတရားနဲ့နီးနီးလေး၊ မျက်ရည်အက်စက်တွေဟာ သေခြင်းတရားနဲ့နီးနီးလေး၊ ချစ်ခြင်းရဲ့ side effects တွေဟာ သေခြင်းတရားနဲ့ နီးနီးလေး။ အကြီးကြီး အသည်းကွဲနေတော့ အကြီးကြီး ကြံစည်နေမိတယ်။ စိတ်ကျခြင်းဟာ အကြီးကြီး ......။ နှလုံးသားပေါ်က ကန့်လန့်ဖြတ် အမာရွတ်ဟာလည်းအကြီးကြီး။(xanthos)

ချစ်ခြင်းတရားနဲ့လမ်းဖြတ်ကူးမိတဲ့ ကံဆိုးမလေး .... အဝေးပြေးလမ်းပေါ် ... အလျားလိုက် ကူးနေတုန်းလား။ စိတ်မကောင်းဘူးဆိုတာတွေထက်ပိုတယ်။ ဒီဘ၀တစ်ရွက်ကို သံသရာစာအုပ်ထဲကဆွဲစုတ်လိုက်တော့ ဘာထူးသွားလဲ။ ဘာ .......ထူး ..........သွား ...............သေး .......................လဲ။(zephyr)

ဒုလ္လဘပေလျာယျကန်ပြုချက် ...လန်းဆန်းသွား။
မမြင်ရတဲ့နံရံတွေ Stupid Girls သီချင်းတွေကျန်နေသူတွေဆိုနေလည်း
နား=လိုက်=တော့။
အလင်းမပြန်တဲ့ လက်ခုပ်တစ်ခြမ်းပဲ့တွေမှာ
ယုတ္တိဗေဒသံတန်းများလည်းမရှိဘူး။
ဘာသာတရားရဲ့ဝိုက်လက်သီးတွေမရှိဘူး။
ကိုယ့်ကိုယ်ကို ပြန်မျှားစရာ စိတ်မျှားချိတ်လည်းမရှိဘူး။
ကိုယ့်ကိုယ်ကို ပြန်သစရာ နောင်တတရား ကော်ပတ်လည်း
ဝယ်မထားမိဘူး။
ဘာမှလည်းမရှိဘူး။
ရှိတာနဲ့လွတ်အောင်လုပ်ပြတော့ ...
ဒါဟာ.......
Escape Artist ရဲ့ပြကွက်။ (xanthos)

အိမ်မက်တွေကိုစုချည်ပြီး ကျစ်ထားတဲ့ကြိုးတစ်ချောင်းရဲ့ခိုင်ခံ့မှု၊
နောက်ပြန်မလှည့်တော့သော
ထွက်ခွာသွားသည့် စစ်ချီတေးသံ၊
တိုက်ခိုက်မှုမဲ့၊
ဒဏ်ရာဒဏ်ချက်မဲ့၊
နာကျင်မှု ဟာ နာကျင်မှုအတိုင်းမထားနိုင်လျှင်
(နာကျင်မှုမှ)သေလောက်အောင် နာကျင်မှုဆီသို့
အပြေးတပိုင်းချီတက်သွား။
(zephyr)

ငယ်ရွယ်စဉ်ရူးမိုက်၊
အချစ်ဟာ အရိပ်ထဲက ခွေးလို
အကြီးကြီး၊
အစွယ်က
ဇာတ်တော်က ဘီလူးလို
ပြူးပြူးကြီး၊
အလွမ်းဟာ
ရသစာပေတွေ ချဲ့လွန်းတော့ အကြီးကြီး ပြူးတူးပြဲတဲ၊
ခံစားသောစိတ်သည်
နာကျင်ခြင်းဖြစ်စေသည်အမှန်။
(xanthos)

မျက်လှည့်ဆရာရဲ့အ၀တ်အစား
လိုတာထက်ပွတယ်။
လောကသုံးပါး
လိုရင်ထုတ်သုံးဖို့သယ်လာတယ်။
ချစ်နေခြင်းမှာ
ဘေးထွက်ထိုင်လိုက်ရင်တော့
စကားလုံးသက်သာတယ်။
ခံစားချက်လည်းသက်သာတယ်။ (zephyr)

မျက်ရည်တွေကိုမီးရှို့လိုက်၊
ပင်လယ်ဘယ်နှစ်ခုစာဆိုလား၊
ငိုခဲ့ပြီးပြီမဟုတ်လား၊
ထိုင်းနိုင်ငံမှာ
ရေကြီးတာ၊
၂၀၀၉ တုန်းက
ငါတို့ငိုခဲ့လို့လား။ (xanthos)

ဘယ်ဘက်ရင်အုံထဲက
ခံစားချက်နဲ့ထိုးထားတဲ့ တက်တူးတွေ၊
ဘယ်တော့မှ မပျက်ဘူးဆိုတဲ့
သစ္စာကတိတွေ၊
ဘယ်တော့မှ
သတိရခြင်းရဲ့အစွန်အဖျားမှာထွက်မထိုင်နေကြေးဆိုတဲ့
အိပ်ရာဝင်ပုံပြင်အစအနတွေ၊
ယုံကြည်ခဲ့ရင် ယုံကြည်ခဲ့သလောက်၊
၂၀၀၉ ည နှစ်နာရီများ၊
ဂစ်တာသံများ၊
လွမ်းဆွတ်အော်ဟစ်သံများ၊
စိတ်နဲ့လှီးဖြတ်ထားတဲ့ လက်ကောက်ဝတ်များ။(zephyr)

အမှန်အမှားရွေးချင်ရင်
puzzle games လေးဆော့နေ၊
ပရိဒေ၀ဟာ
နှလုံးသားရဲ့မနိုင်ဝန်။
(xanthos)

ဥပါယဿ ပစ္စယာ suicide
ချစ်နေခြင်းကို ချစ်နေခြင်းမှာထားခဲ့ရင်ကောင်းမယ်။
(zephyr)

အရင်ခုန်ချသွားခဲ့သူတွေက
အခုအထိ နေ့တိုင်းခုန်ချနေတုန်း
ကဗျာသည်
ငါတို့၏ HDB
(xanthos)

ငြိမ်းချမ်းမှုသည် ငါ့ထံသို့ ပြန်ရောက်မလာခဲ့။
(zephyr)

...................................................။ ။

Regards,
Xanthos

(Thanks Z for helping me out to collect our old poems.)