Sunday, July 29, 2012

ဖေ့စ်ဘွခ်ဘာသာဗေဒ။



ဖေ့စ်ဘွခ်ဘာသာဗေဒ။

like= သိလိုက်ပါပြီ။
a like သိလိုက်ပါ= အလိုက်သိလိုက်ပါ။
ဝေါပေါ်မှာဆေးရိုးမလှမ်းရ @Bogyoke Aung San
Obama ကိုအားကျကုန်သော နိုင်ငံရေးသမားများ အမှိုက်မရှုပ်ရ။
ကဗျာယောင်ယောင်များ မTag ပါနှင့်။
ဆရာကီးများ သွားနှင့်ကြပါ။
နောက်ကားနှင့်လိုက်ခဲ့ပါပြီ။

ကျွန်တော်ဝမ်းသွားနေတာကို update လုပ်ပါရစေ၊
မကြိုက်ရင် hide၊ ကြိုက်ရင်Like
Emo များသောသူများကို စာနာပါ။
Virtual friends များဖြင့်စည်ကားနေသော
ကျူးကျော်ရပ်ကွက်အတွင်းမှ
စကားစမြည်နှင့်
အတင်းပြောချင်စိတ်မကုန်သေးသော
ကလေးငယ်များအတွက်သီးသန့်ထုတ်လုပ်သော
ရောင်စုံဘောလုံး၊ ရောင်စုံဘောလုံး၊
တစ်လုံးငါးပြား၊ တစ်လုံးငါးပြား၊

အချိန်မီလှချင်ပချင်လာသော
ရုပ်ဆိုးမများ၊ပုပ်သိုးမများ၏
တစ်ခြမ်းစောင်းပုံများ၊
ဝေးလေလှလေပုံများ၊
အချစ်အကြောင်းပြောပြောနေသော
ဟိုင်းကြီးများ၊

ညီလာခံမှာ
လက်ကလေးလှသူ လက်ကလေးကြည့်လို့၊
ခေါင်းလှုပ်တတ်သူ ခေါင်းလှုပ်လို့၊
ဖေ့စ်ဘွတ်ခ်မှာတော့
ဝိုင်းလိုက်ခ် ဝိုင်းဆဲပါပဲ။

ဒီမိုကရေစီဆိုတာ
မတူညီမှုတွေကို နားလည်ပေးစရာမလိုမှန်း
ရွှေပြည်ကြီး ဒီမိုကရေစီက သိလိုက်ရတာ
ပညာတစ်မျိုးတိုးတာပဲမဟုတ်လား။

ကျွန်တော်တို့ဖော်ဆောင်နေတာ၊
ကျွန်တော်တို့ အဖော်ဆောင်နေတာလို့
အဓိပ္ပာယ်မသက်ရောက်ဘူး။
ကျွန်တော်တို့ ဖေ့စ်ဘွတ်ခ်ကင်းနေတာ
ဖေ့စ်ဘွတ်ခ်နဲ့ကင်းနေတယ်လို့မဆိုလိုဘူး၊
ကျွန်တော်များ ကဗျာရေးခွင့်ဟာ
လူကြီးမင်းများထံမှာ အသနားခံရမယ့် လျှောက်လွှာတစ်ခုလည်းမဟုတ်ဘူး။

ခြေရာတိုင်းဟာ
ဆင်ခြေရာထဲကိုဝင်သလိုဆိုတော့
ဒိုင်နိုဆောကပြုံးတယ်။

(ကဗျာဆို ကဗျာပဲရေးပါ။
အရူးမထပါနဲ့လား။
ချေးမပန်းပါနဲ့လား၊
ဆရာလုပ်မယ့်အစား
ယဉ်ယဉ်လေး
ကိုယ့်ခြေမ ကိုယ်ကိုက်နေလိုက်လည်း သင့်တာပါပဲ။)

အိုဘယ့်
အချင်းဆော့ခရေတ္တိ၊
မြို့ထဲလျှောက်ပြေးနေမယ့်အစား၊
ဖေ့စ်ဘွတ်ခ် မြန်မာအသိုင်းအဝန်းထဲ လာခဲ့ပါလား၊
သင်လည်းပညာတိုးတာပေါ့။
ကျွန်တော်တို့လည်းရယ်စရာတိုးတာပေါ့။          ။

xanthos


Thursday, July 5, 2012

ညကိုအရှည်ကြီးဖြတ်သန်းသွားရဦးမယ် မဟုတ်လား လို့သူပြောသွားတဲ့အခါ ကျွန်တော့်မှာ ဆွံ့အနေခဲ့ရပါတယ်။

ညကိုအရှည်ကြီးဖြတ်သန်းသွားရဦးမယ် မဟုတ်လား လို့သူပြောသွားတဲ့အခါ ကျွန်တော့်မှာ ဆွံ့အနေခဲ့ရပါတယ်။


ကို

ရှည်
ကြီး

ဖြတ်သန်းသွားရဦးမယ် မဟုတ်လား

လို့ သူပြောသွားတဲ့အခါ

မေ-ကျွန်တော့်မှာ

ဆွံ့အ (အသံမထွက်နိုင်၊ အမြီးလည်းမမြှောက်၊E လည်းမပေါက်နိုင်ဘဲ)
နေခဲ့ရပါတယ်။
နေ(သူရိယ၊ sun) ခဲ့(ဖြစ်ခဲ့ပြီးသည့်အချိန်) ရပါတယ်။ (အေးဆေး)

အချစ်ရဲ့ အချစ်ကို
အချစ်လို့ယုံခဲ့တာကို
အမှားလို့
အမှန်လို့
မှားသည်လည်းမဟုတ်၊မှန်သည်လည်းမဟုတ်လို့
လက်မခံတာဟာ
ရူးတာပါပဲ။

အတောင်တိုတိုလေးနဲ့
အမြင့်ကြီးပျံတဲ့ငှက်၊
အတောင်အရှည်ကြီး၊နဲ့
ငုတ်တုတ်မေ့တဲ့ငှက်၊
ဘယ်ငှက်လွမ်းနေသလဲ ငါ့ရှင်

ဆိုတော့မှ
အလန့်တကြား
ပျံလိုက်ရတယ်။

အတောင်မကျွတ်ခင်၊
ပုဆိုးမကျွတ်ခင်၊

ကျွတ်တမ်းဝင်ဖို့
ကြွပ်ဆတ်မာကျောမှုမှာ
ကြွားကြွားကြွံ့ကြွံ့
ငွားငွားစွင့်စွင့်နဲ့
မားမားဝံ့ဝံ့တွေဘာတွေဖြစ်လို့၊

အုန်းမုတ်ခွက်ကေမှာ
စတော်ဘယ်ရီသီးနေခဲ့လို့၊

ဒီလိုပါ
ခေတ်မပျက်ခင်၊
အရင်ရူးချင်ယောင်ဆောင်ထားတာ၊
ပွဲမလန့်ခင် ဖျာခင်းကျင့်နေတာ
ကံဆူးပုံကို ကံခုံဖိနပ်နဲ့နင်းကြည့်တာပါ၊
ဆေးမရောင်းပါဘူး၊
လိုအပ်မှ
ဝယ်ပါ၊

ဘယ်မှမရောက်တဲ့ကဗျာကိုရေးဖို့၊
ကျွန်တော်အားထုတ်ပါတယ်။
အုပ်ထားပါတယ်။
ခင်ဗျားလည်းချောင်းမကြည့်နဲ့
ရှင်ကြီးလည်းအတင့်မရဲနဲ့၊

အချက်မသိတော့
သားမက်ကိုဂျိုးထင်တဲ့
လူတွေ
လူတွေ
လူတွေ၊

သူဘယ်မှာလဲ သတိရနေတယ်၊
တခါတလေတော့လည်း လွမ်းမိပါတယ်
ဆိုတဲ့တခါတလေတွေကို
သူဘယ်မှာရတယ် သတိ လဲလေတခါလွမ်းတလေမိပါတယ်

.............
ဇာတ်ကြောင်းကိုချုပ်ရရင်တော့
အဘတို့ငယ်တုန်းကပေါ့
သိပ်ချစ်ကြတဲ့
သူငယ်ချင်းများစွာနဲ့၊
နည်းပါးတဲ့မုန့်ဖိုးရှိခဲ့ကြတယ်ကွဲ့။

...............
မုန့်ဖိုးတွေဟာ
သူငယ်ချင်းတွေနဲ့ပြောင်းပြန်အချိုးကျခဲ့တာပေါ့။

..........အခုတော့
ရွာလက်စမိုးဟာ
တိတ်မလို အိပ်မလိုလုပ်နေပြန်ပြီ။

သေမှပဲအေးမယ်။
ဒုက္ခ ဒုက္ခ
နေသာသလို
နေပါ။                    ။

ထဖညအ့သ်