Monday, November 21, 2011

ပါလက်စတိုင်း ကလေးငယ်တစ်ဦးရဲ့ မေးခွန်း

ပါလက်စတိုင်း ကလေးငယ်တစ်ဦးရဲ့ မေးခွန်း

ခြေလေးတစ်ဖ၀ါး ချချင်တယ်
ကျောလေးတစ်ခင်း ခင်းချင်တယ်
အရိပ်လေးတစ်ရိပ် ခိုချင်တယ်
ဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာမဟုတ်ဘူးလား မေမေ
မေမေနင်းထားတဲ့မြေသားက ကမ္ဘာလား မိုင်းလား
ဖေ့ဖေ့နှလုံးသားထဲစိုက်နေတဲ့
ကျည်ဆန်က ကျွန်တော်သွားရမယ့် မြေပုံအညွှန်းလား။

ကိုရွေး

(ကြည်လင်သောရေတံခွန်)



***************
Thanks bro, for sharing a good poem to us.

Saturday, November 19, 2011

ကိုယ်မှီထားတဲ့အရာကလှုပ်ရင်

ကိုယ်မှီထားတဲ့အရာကလှုပ်ရင်

စိတ်ချမ်းသာချင်တယ်ဆိုရင် ဘယ်လို ကိစ္စပေါ်မှာမှ မမှီပါနဲ့။ ကိုယ်မှီထားတဲ့အရာက လှုပ်ရင် ကိုယ်ပါလှုပ်နေမယ်။

(ဆရာတော်ဦးဇောတိက)

ကိုယ်စီးလာတဲ့ကားမှောက်ရင်၊
ကိုယ်ပါ ငါးပါးမှောက်တာပဲ။
ကိုယ်မှောက်ထားတဲ့ဖဲချပ်လေးကို၊
ကိုယ်ရောစိတ်ပါ လုံခြုံနွေထွေးစေချင်တဲ့စိတ်
ဘယ်နားမှာ မှောက်ရက်လဲနေခဲ့သလဲ။ ။
(xanthos)

ခုန်ချလိုက်တယ် ......နေပြန်ကောင်းမယ့်လောကကြီးဆီ၊ ဆိုပါတော့ ရောက်သွားရော ပိုဆိုးတဲ့လောကကြီး။

ခုန်ချလိုက်တယ် ......နေပြန်ကောင်းမယ့်လောကကြီးဆီ၊ ဆိုပါတော့ ရောက်သွားရော ပိုဆိုးတဲ့လောကကြီး။

သတ်သေခြင်းကို သက်သေလိုက်ရန်မလို၊ သေပြီးသားလူအတွက် အမနာပ စကားတင်းမလို၊
မသိခဲ့ခြင်းများအတွက် မည်သူမျှ -င်ယားနေရန်မလို။
ကိုယ်ပိုင်ဆိုင်သောအသက်ကို လေးလေးလံလံသယ်ဆောင်မထားချင်သောသူများ
ပေါ့ပေါ့ပါးပါး
ပျံသန်းနိုင်စေသတည်း။ (xanthos)

သွေးတွေလန့်ပျံသွားတော့ .... ၀ိညာဉ်တစ်ဝက်စွန်းကွက် ဒိုင်ယာရီစာအုပ်ထဲထိုးထွက်
လာတယ်။
ဘယ်လို
အကြည့်မျိုးလဲ။ ဘယ်လိုအငြိမျိုးလဲ။ ဘယ်လို သံယောဇဉ်လဲ။ ဘယ်လိုတက်တူးလဲ။ ဘယ်လိုအိမ်မက်ကို ဘယ်လို ဂဟေတို့ထားခဲ့လဲ။ ဘယ်လို
သံ၊သတ္တုရိုင်းက
ဘယ်လို မာခြင်းအဆင့်လဲ။ ဘယ်လိုချစ်ခြင်းဟာ မေတ္တာတရားကို အစားထိုးမှာလဲ။ မဖြစ်နိုင်ခြင်းတွေ နှစ်ယောက်ကြားမှာ မြင့်မားတံတိုင်းတွေ၊ အဖြစ်မှန်ကို လက်မခံနိုင်ရင်တော့ (အဖြစ်မှန်ရှိတဲ့လောကထဲက)ထွက်မှပဲဖြစ်မယ်မဟုတ်လား။(zephyr)

တစ်ခါက ဓားဦးချွန်ကို ဆုပ်ကိုင်၊ ရင်ဘတ်ထဲထိုးသွင်းပစ်မယ်လို့ဆုံးဖြတ် ......... အဲဒီနေ့တွေက နီးနီးလေး ........အဲဒီနေ့တွေက နီးနီးလေး .......... ရင်ဘတ်နဲ့ဓားနဲ့ဟာ နီးနီးလေး၊ အလျားခြောက်လက်မ၊ လေ၀င်မျှော့ကြောင်းဟာ သေခြင်းတရားနဲ့နီးနီးလေး၊ မျက်ရည်အက်စက်တွေဟာ သေခြင်းတရားနဲ့နီးနီးလေး၊ ချစ်ခြင်းရဲ့ side effects တွေဟာ သေခြင်းတရားနဲ့ နီးနီးလေး။ အကြီးကြီး အသည်းကွဲနေတော့ အကြီးကြီး ကြံစည်နေမိတယ်။ စိတ်ကျခြင်းဟာ အကြီးကြီး ......။ နှလုံးသားပေါ်က ကန့်လန့်ဖြတ် အမာရွတ်ဟာလည်းအကြီးကြီး။(xanthos)

ချစ်ခြင်းတရားနဲ့လမ်းဖြတ်ကူးမိတဲ့ ကံဆိုးမလေး .... အဝေးပြေးလမ်းပေါ် ... အလျားလိုက် ကူးနေတုန်းလား။ စိတ်မကောင်းဘူးဆိုတာတွေထက်ပိုတယ်။ ဒီဘ၀တစ်ရွက်ကို သံသရာစာအုပ်ထဲကဆွဲစုတ်လိုက်တော့ ဘာထူးသွားလဲ။ ဘာ .......ထူး ..........သွား ...............သေး .......................လဲ။(zephyr)

ဒုလ္လဘပေလျာယျကန်ပြုချက် ...လန်းဆန်းသွား။
မမြင်ရတဲ့နံရံတွေ Stupid Girls သီချင်းတွေကျန်နေသူတွေဆိုနေလည်း
နား=လိုက်=တော့။
အလင်းမပြန်တဲ့ လက်ခုပ်တစ်ခြမ်းပဲ့တွေမှာ
ယုတ္တိဗေဒသံတန်းများလည်းမရှိဘူး။
ဘာသာတရားရဲ့ဝိုက်လက်သီးတွေမရှိဘူး။
ကိုယ့်ကိုယ်ကို ပြန်မျှားစရာ စိတ်မျှားချိတ်လည်းမရှိဘူး။
ကိုယ့်ကိုယ်ကို ပြန်သစရာ နောင်တတရား ကော်ပတ်လည်း
ဝယ်မထားမိဘူး။
ဘာမှလည်းမရှိဘူး။
ရှိတာနဲ့လွတ်အောင်လုပ်ပြတော့ ...
ဒါဟာ.......
Escape Artist ရဲ့ပြကွက်။ (xanthos)

အိမ်မက်တွေကိုစုချည်ပြီး ကျစ်ထားတဲ့ကြိုးတစ်ချောင်းရဲ့ခိုင်ခံ့မှု၊
နောက်ပြန်မလှည့်တော့သော
ထွက်ခွာသွားသည့် စစ်ချီတေးသံ၊
တိုက်ခိုက်မှုမဲ့၊
ဒဏ်ရာဒဏ်ချက်မဲ့၊
နာကျင်မှု ဟာ နာကျင်မှုအတိုင်းမထားနိုင်လျှင်
(နာကျင်မှုမှ)သေလောက်အောင် နာကျင်မှုဆီသို့
အပြေးတပိုင်းချီတက်သွား။
(zephyr)

ငယ်ရွယ်စဉ်ရူးမိုက်၊
အချစ်ဟာ အရိပ်ထဲက ခွေးလို
အကြီးကြီး၊
အစွယ်က
ဇာတ်တော်က ဘီလူးလို
ပြူးပြူးကြီး၊
အလွမ်းဟာ
ရသစာပေတွေ ချဲ့လွန်းတော့ အကြီးကြီး ပြူးတူးပြဲတဲ၊
ခံစားသောစိတ်သည်
နာကျင်ခြင်းဖြစ်စေသည်အမှန်။
(xanthos)

မျက်လှည့်ဆရာရဲ့အ၀တ်အစား
လိုတာထက်ပွတယ်။
လောကသုံးပါး
လိုရင်ထုတ်သုံးဖို့သယ်လာတယ်။
ချစ်နေခြင်းမှာ
ဘေးထွက်ထိုင်လိုက်ရင်တော့
စကားလုံးသက်သာတယ်။
ခံစားချက်လည်းသက်သာတယ်။ (zephyr)

မျက်ရည်တွေကိုမီးရှို့လိုက်၊
ပင်လယ်ဘယ်နှစ်ခုစာဆိုလား၊
ငိုခဲ့ပြီးပြီမဟုတ်လား၊
ထိုင်းနိုင်ငံမှာ
ရေကြီးတာ၊
၂၀၀၉ တုန်းက
ငါတို့ငိုခဲ့လို့လား။ (xanthos)

ဘယ်ဘက်ရင်အုံထဲက
ခံစားချက်နဲ့ထိုးထားတဲ့ တက်တူးတွေ၊
ဘယ်တော့မှ မပျက်ဘူးဆိုတဲ့
သစ္စာကတိတွေ၊
ဘယ်တော့မှ
သတိရခြင်းရဲ့အစွန်အဖျားမှာထွက်မထိုင်နေကြေးဆိုတဲ့
အိပ်ရာဝင်ပုံပြင်အစအနတွေ၊
ယုံကြည်ခဲ့ရင် ယုံကြည်ခဲ့သလောက်၊
၂၀၀၉ ည နှစ်နာရီများ၊
ဂစ်တာသံများ၊
လွမ်းဆွတ်အော်ဟစ်သံများ၊
စိတ်နဲ့လှီးဖြတ်ထားတဲ့ လက်ကောက်ဝတ်များ။(zephyr)

အမှန်အမှားရွေးချင်ရင်
puzzle games လေးဆော့နေ၊
ပရိဒေ၀ဟာ
နှလုံးသားရဲ့မနိုင်ဝန်။
(xanthos)

ဥပါယဿ ပစ္စယာ suicide
ချစ်နေခြင်းကို ချစ်နေခြင်းမှာထားခဲ့ရင်ကောင်းမယ်။
(zephyr)

အရင်ခုန်ချသွားခဲ့သူတွေက
အခုအထိ နေ့တိုင်းခုန်ချနေတုန်း
ကဗျာသည်
ငါတို့၏ HDB
(xanthos)

ငြိမ်းချမ်းမှုသည် ငါ့ထံသို့ ပြန်ရောက်မလာခဲ့။
(zephyr)

...................................................။ ။

Regards,
Xanthos

(Thanks Z for helping me out to collect our old poems.)

The poem I read, part 3, Muchness

Muchness

(Tony Hoagland)

I saw you in the rainy morning
form the window of the hotel room,
running down the gangplank to board the boat.

You were wearing your famous orange pants,
which are really apricot
and the boat rocked a little
as you stepped on its edge.

You were going to work
with your backpack and sketchbook
and your bushy gray hair
which bursts out in weather
like a steel wool bouquet

That's how my heart is, I thought-
It lies coiled up inside of me, asleep,
then springs out and shocks me
with all of its in muchness.

But as I was dreamming, your boat pulled away.
Then there was just the gray sheen
of the harbor left behind, like unpolished stell
and the steep green woods that grow down to the shore,
and the gauze of mist on the hills.

It was your vanished boat
which gave the scene a shape,
with its suggestions of journey and destination.
And the narrative then, having done its work,
it vanished too,
leaving just its affectionate cousin description behind;

-Description,
which lingers,
and loves for no reason.

(form Poetry)

Friday, November 18, 2011

The Poem I read, part 2

Lydia Davis

Men

There are also men in the world. Sometimes we forget, and think there are only women - endless hills and plains of unresisting women. We make little jokes and comfort each other and our lives pass quickly. But every now and then, it is true, a man rises unexpectedly in our midst like a pine tree, and looks savagely at us, and sends us hobbling away in great floods to hide in the caves and gullies until he is gone.

(from 32 Poems)

The Poem I read

Entering
LAURA CRONK

Moonscape of snow at night.
To die, to crash,

could be a crush of snow.
All softness.

I imagine, driving alone,
being enveloped by snow, crashed into, quickly.

The mice must have these visions.
Talking quietly when they can't sleep

about tunneling in endless grain until, full of it,
completely enveloped by it, peacefully, it takes them.

(from Lyric)

Thursday, November 17, 2011

မှတ်ပုံတင်ပြီတဲ့အဘရေ။

မှတ်ပုံတင်ပြီတဲ့အဘရေ။

နိုင်ငံရေးတိမ်လိပ်တွေက မင်းရေးကျယ်/-င်ခေါင်းကျယ်သတဲ့။
သားအဖနှစ်ယောက်စလုံး
စာရေးဆရာလုပ်ကြရင်
ဖတ်ပျော်မှာ။
လိုအပ်ရင် လွတ်လပ်ရေးတိုက်ပွဲဝင်၊
မလိုအပ်ရင်၊
စာရေးရင်း  အေးအေးလူလူ နေမှာပေါ့တဲ့။

ဒီလောက်ဆိုတော်ပြီလို့ ဘယ်ရှိပါ့မလဲ ပင်လယ်ရေ
စိမ့်အေးငန်သက်တတ်တတ်လေး မျိုမျိုချ၊
ပြန်ပြန်သောက်၊ ပြန်အန်ထုတ်၊
ပြန်ပြန်သောက်၊
ထွေးထားတဲ့တံတွေးမဟုတ်ရင်၊
ဘယ်အရာမဆို ပြန်မျိုလို့ရတယ်။

ဆင်သွားရင်လမ်းဖြစ်သလို၊
ဆင်နောက်လိုက်တဲ့ ခွေးအတွေမှာလည်း သက်သက်သာသာ၊ ဇိမ်တကျကျပဲ၊
ဆင်ဖြူတော်ရှိရင် ကြံစုပ်လို့လည်းရတယ်၊ ဆားငန်သီးထုတ်လို့လည်းရတယ်။
လူနှစ်သောင်းဟာ ဓာတ်ပုံထဲမှာ တစ်ရာလောက်ဖြစ်ဖြစ်နေတယ်၊ သတင်းတွေကလည်း ဆတိုး/ ဖွတိုး တိုးပွားလာတယ်။

တိုင်းရင်းသားအစစ်တွေမှာ ပြဿနာမရှိဘူး။
အတုတွေ တိုင်းရင်းသားဖြစ်ချင်ရင်တော့ ပြဿနာအစစ်ရှိတယ်။
ခွေးမြီးကောက်ကလည်း ခွေးမြီးကောက်အလျှောက်၊
ဝက်မြီးကောက်ကလည်း ၀က်မြီးကောက်အလျှောက်၊
ကျည်တောက်ကောက်ကောက်စွပ်ရတာပဲမဟုတ်လား။ မဟုတ်လားဆိုတာဟုတ်ရဲ့လား။

ရဟန်းတွေ တရားဟောရင် နိဗ္ဗာန်ရောက်ကြောင်းချည်းလို့လည်းမထင်နဲ့တော့။
လမ်းတွေဟာ လူတွေကို သယ်ဆောင်မထားတော့ဘူး။
လူတွေဟာ မြင့်တက်လာတဲ့လမ်းမှာ ဒလိမ့်ခေါက်ကွေး၊
အကြမ်းဖက်မှုတွေဟာ သီးပွင့်ချိန်ကိုစောင့်ဆိုင်းလို့၊
တစ်ချိန်ရောက်ရင်
ဝင်းမှည့်ရွှန်းစိုလာမှာပါတဲ့။

အဆင်မပြေ->အဆင်ပြေ->အဆင်မပြေ
အဲဒီရဟတ်ကို သုံးနှစ်တစ်ခါပတ်စီးနေရင်း မူးလာ၊
အော့အန်လိုက်တဲ့ လစ်ဘရယ်ဒီမိုကရေစီ၊ တစ်ဆို့နေတဲ့ စကားလုံးများ၊
ဖျားနာခြင်းသည် သင့်ကျန်းမာရေးကို ဆိုးရွားစွာ အထောက်အကူပြုနိုင်၊
ဒီနေ့ခေတ်ရဲ့ပြဿနာဟာ
ဒိန်ခဲမဟုတ်ဘူး၊
ငါ့ဝီစကီ ဘယ်သူမော့သွားသလဲ ပါ။

Regards,
xanthos

//Safe trip Mr.Yellow. Welcome back.....!!
//Still got some whisky bottles for us ....