Wednesday, October 5, 2011

Dလူကြီး4Sနဲ့အတူသွားရှာပါပကောလား

Dလူကြီး4Sနဲ့အတူသွားရှာပါပကောလား

အန်ကယ်ကျောင်းမပြီးခဲ့ဘူး။ stay ဟန်းဂရီး stay foolish နေခဲ့တယ်။
Innovation distinguishes between a leader and a follower.
ဟုတ်ကဲ့ပါအန်ကယ်။
Sometimes when you innovate, you make mistakes. It is best to admit them quickly, and get on with improving your other innovations.
ဟုတ်ကဲ့ ... ဟုတ်ကဲ့ပါ အန်ကယ် (အသံနည်းနည်းအက်သလိုလို၊ ငိုသံပါသလိုလိုဖြစ်လာ)
အန်ကယ် presentation strategy ကိုပြောင်းခဲ့တယ်။
အန်ကယ် ဒီလောကကြီးကို လှလှပပကျစ်ကျစ်လျစ်လျစ်ဖြစ်စေခဲ့တယ်။
အန်ကယ် လက်ရေးလှသင်တန်းတက်ခဲ့တယ်။
အန်ကယ် စွန့်ဦးတီထွင်ခဲ့တယ်။
အန်ကယ် မွေးစားမိဘတွေနဲ့နေခဲ့တယ်။
အန်ကယ် ကင်န်ဆာရောဂါရခဲ့တယ်။
I-Quit ကို အန်ကယ်နောက်ဆုံးထွင်ခဲ့တယ်။
အန်ကယ်ဒိုးပြီ။

Apple shares ဈေးကြသွားရင် အန်ကယ် I-regret ဖြစ်တယ်လို့ ပြောပေးပါ။

ပြောပြောဆိုဆို သူ I-phone 4s ကိုထုတ်တယ်။ Siri ကိုဖွင့်ပြီး။ Take me now to the paradise city လို့ထုံးစံအတိုင်း နှုတ်ခမ်းနည်းနည်းရွဲ့ပြီးပြောတယ်။ မရှေးမနှောင်းမှာပဲ "I-God ဆီက ပို့စ်ကတ်ရောက်လာတယ်။ Nice to meet you soon, fix the bugs in hell first!" လို့ရေးထားတယ်။ I-God ဆိုတဲ့ customer က အရင် survey လုပ်ထားတုန်းက တစ်မျိုးပါလားလို့ သူ့ခေါင်းကိုပွတ်ရင်းတီးတိုးရေရွတ်နေတယ်။ ဂျင်းပန်လေးနဲ့ အရပ်ရှည်ရှည် နှာခေါင်းချွန်ကြီးဟာ သူ့လမ်းသူ ပေါ့ပေါ့ပါးပါးလေးလျှောက်ပြီး ထွက်ခွာသွားခဲ့ပြီ။ သူ့ကိုလွမ်းနေမိဦးမယ်ထင်ပါရဲ့ဗျာ။ ။

xanthos