Wednesday, September 28, 2011

ဗြဟ္မာကြီးဦးခေါင်းဟာ လှတယ်။

ဗြဟ္မာကြီးဦးခေါင်းဟာ လှတယ်။

နည်းနည်းတော့လေးတယ်။ ဗြဟ္မာမလေးပန်ဆင်ဖို့ပန်းတစ်ပွင့်ပါတဲ့ ဦးခေါင်း။
(ဟေ့ကောင် ဗြဟ္မာက အမရှိလို့လား) ဖြတ်ရင်ဖြတ်။ မဖြတ်ရင်ခက်ရချည်ရဲ့ကွယ်လို့ ပြောပြောနေတဲ့ သူမရဲ့ ရင်တွင်းစကားအသံ၊ ဘယ်လိုလဲ။ လမ်းခွဲခါနီးချစ်သူတွေအကြောင်း ဘယ်သူက ဘယ်သူ့ကို ဘယ်လိုအစချီကဗျာတွေမရေးခဲ့ကြသေးဘူးမဟုတ်လား။ ဒါဆိုရင် အဲဒီတာဝန်ကို ကျွန်တော်ပဲ အလိုက်တသိယူပါရစေ။ I am @ ur service.

ဒီလိုပါ။ ဒီလိုပါ။ အသည်းကွဲခြင်းဟာ ယန္တရားစက်တစ်ခုလို စက်ဖွင့်ရုံနဲ့ဝုန်းခနဲပြုတ်ကျလာတာမဟုတ်ဘူး။ ထင်သလောက်လည်း မပေါ့ဘူး။ လေးတယ်။ တော်တော်လေးကို လေးတယ်။ သွေးတိုး၊နှလုံးရှိသူတွေဟာ အသည်းကို ယောင်လို့တောင်မကွဲစေနဲ့၊ ကျန်းမာရေးအတွက် အသည်းကွဲတာကိုရှောင်သင့်တယ်။ မတော်တဆကွဲပြီဆိုရင်တောင် သွေးတိတ်အောင် ဒဏ်ရာကိုကြပ်စည်းပါ။ ၀ါးခြမ်းပြားနဲ့ တည့်မတ်ပေးပါ။ ဦးခေါင်းကိုမော့ထားပါ။ အသက်၀၀ရှူပါ။ ကမ္ဘာမပျက်သေးဘူး။ ပိုချောတဲ့ ကလေးမလေးတွေအများကြီးကျန်သေးတယ်။ အဂျာအဂျာဖိုက်တင်း၊ စိတ်ကိုလည်းတင်း။ လူလည်းတင်းပဲ။ နှလုံးသွင်းမမှားစေနဲ့။ ပြတ်ပြီးသား ရည်းစားကို လွမ်းတဲ့လူနဲ့ နောက်တစ်ယောက်ရှာတဲ့သူမှာ နောက်တစ်ယောက်ရှာတဲ့သူက တရားရှိတယ်လို့ အရှင်ဆန္ဒာဓိကက မိန့်တယ်။ တရားနဲ့အညီနေထိုင်ကိုယ့်ညီ။ ဘောလုံးကွင်းထဲက မြက်က စိမ်းပေမယ့်စားလို့မရဘူး။ ပရေရီပြန်ရောက်ရင် ဘ၀ကြီးပြန်လည်းစိမ်းစိုလာမယ်။ မပူနဲ့။ ခဏလောက်တော့သည်းခံ။ အသည်းကွဲတာ ၀ဋ်နာကံနာမဟုတ်ဘူး။ အာဂန္တုဖျားပါ။ ဆေးမြီးတိုတွေလည်းများတယ်။ သေတတ်တယ်ထင်တဲ့သူတွေကလွဲရင် မသေတော့ဘူး။ ခြင်ကိုက်တာ ပုရွက်ဆိတ်ကိုက်တာထက်တော့နာတာပေါ့။ 9/11 မှာ တိုက်ပေါ်က ခုန်ချတဲ့သူလောက်တော့မနာဘူး။ သိပ်လည်းစိုးရိမ်စရာမရှိပါဘူး။ တရားနဲ့အညီနေထိုင်ပါ။ အိုကေသွားမယ်။

ရည်းစားဟောင်းဟာ မင့်အခွက် မမြင်ချင်ဘူးဆိုတဲ့ ရောဂါရနေတာကိုလည်း သည်းခံ။ ဒါကလည်းဒီလိုပဲ။ မင်းကလည်း မင်းဒုက္ခနဲ့မင်းမဟုတ်လား။ ကိုယ့်ဒုက္ခကိုယ်ရှာကြပြီး ကိုယ်ရှာတဲ့ ဒုက္ခကိုယ်ရတဲ့အခါမှာ ဒီလိုပဲဖြစ်တတ်တယ်။ သန်းငါးထောင်ကျော်မှာ မင်းတစ်ယောက်တည်းအသည်းကွဲရသလားလို့လည်းမထင်နဲ့။ youtube မှာရှာကြည့်၊ နိုင်ငံတစ်ဝှမ်းမှာ အသည်းကွဲနေကြတဲ့သီချင်းတွေရှိတယ်။ google translate နဲ့ ဘာသာပြန်ကြည့်ရင် ဘာသာအသီးသီးနဲ့ အသည်းကွဲစကားလုံးတွေမင်းရမယ်။ တစ်ခုခုတော့လုပ်မှဖြစ်မယ်။ တစ်ခုခုမဟုတ်တာလည်း လုပ်မှဖြစ်မယ်။ ဘာမှမလုပ်ရင်လည်းဖြစ်တယ်။

အသက်မှန်မှန်ရှူနေလား။သွေးပေါင်ချိန်ငြိမ်လား။စိတ်ငြိမ်လား။ မောနေလား။ အထိမ်းအမှတ်ပစ္စည်းတွေကတော့ ပိုးဟပ်အသေတွေလိုပဲ ခေါင်းပြတ်အတိုင်း ခုနစ်ရက် အသက်ရှင်နေဦးမယ်။ ရည်းစားစာတွေကိုတော့ ရွှေငါးတွေရဲ့မှတ်ဉာဏ်လို သုံးလကြာရင်မေ့သွားမယ်လို့မှတ်ထားလိုက်။ ကျန်တာတွေက အလတ်ကြီး၊ နှလုံးသားဟာ အလတ်ကြီး၊ နည်းနည်းအက်သွားရင်လည်း မသိမသာ ပတ်တီးနည်းနည်းကိုင်လိုက်၊ ပေါ်လစ်ခ်ျတင်၊ ဆေးပြန်မှုတ်၊ ပလတ်စတစ် layer တစ်ထပ်အုပ်ထားလိုက်။ မင်းဟာ refurbished ပေမယ့် အသစ်အတိုင်း warranty ကျန်သေးတဲ့ apple mac book pro ပေါ့။ နှလုံးသားတွေဟာ ထင်သလောက်လည်းမနုဘူး။ ထွက်ခွာသွားသူမလေး/ကြီး အတွက် တံခါးကို တင်းတင်းစေ့ထားလိုက်။ ၀င်စို့ထွက်စို့ လုပ်လို့မရဘူးဆိုတာကိုလည်း ကိုယ့်ဘာသာသေချာမှာထားလိုက်။ အိမ်သာ flush လို ဝေါကနဲ တစ်ကြိမ်၊ serial killer လို safety shot တစ်ကြိမ် သေချာစေလိုက်။ 

မင်းအသက် နှစ်ဆယ်ရောက်ရင်အသည်းကွဲတာဟာ ကာကွယ်ဆေးထိုးခြင်းတစ်မျိုးလို့နားလည်လာလိမ့်မယ်။

အောက်ဆီဂျင် နည်းနည်းနည်းသွားတာပါ။
အသက်ရှူနည်းနည်းလေးပိုကြပ်မှာ။

ခဏတဖြုတ်ပါပဲ။
အားလုံးကောင်းသွားမယ်။

ကောင်းကင်က ငွေရောင်အနားသတ်ကိုမြင်ရဖို့ ကောင်းကင်ကို အနက်ရောင်ခြယ်ထားရတယ်။

မနက်ဖြန် အရုဏ်အလင်းမှာ အသည်းကွဲခြင်းဆိုတာကို မင်း ခပ်မျဉ်းမျဉ်းရယ်လိုက်လို့ရရင် နလံထပြီးလို့ပြောနိုင်တယ်။

အချစ်ဟာ ကစားနည်းတစ်ခုမဟုတ်တဲ့အတွက် အသည်းကွဲတာကို ပင်နယ်တီမတောင်းမိစေနဲ့။

ဒီလောက်ပါပဲ။
ကျန်တာတွေကို ဘ၀က ဆက်သင်ပါလိမ့်မယ် ငါ့ညီ။

ရင်ကွဲနာကျကုန်သော ငါ့ရှင်တို့ .... အသည်းကွဲခြင်း ဖြင့်ရနိုင်ရောက်နိုင်သော ကဗျာအတိုအစတို့ကိုသာ ရေးနိုင်ကုန်ကြသည် ဖြစ်စေသော်ဝ်။                    ။

Regards,
Xanthos






ဗြဟ္မာကြီးဦးခေါင်းဟာ လှတယ်။

ဗြဟ္မာကြီးဦးခေါင်းဟာ လှတယ်။

နည်းနည်းတော့လေးတယ်။ ဗြဟ္မာမလေးပန်ဆင်ဖို့ပန်းတစ်ပွင့်ပါတဲ့ ဦးခေါင်း။
(ဟေ့ကောင် ဗြဟ္မာက အမရှိလို့လား) ဖြတ်ရင်ဖြတ်။ မဖြတ်ရင်ခက်ရချည်ရဲ့ကွယ်လို့ ပြောပြောနေတဲ့ သူမရဲ့ ရင်တွင်းစကားအသံ၊ ဘယ်လိုလဲ။ လမ်းခွဲခါနီးချစ်သူတွေအကြောင်း ဘယ်သူက ဘယ်သူ့ကို ဘယ်လိုအစချီကဗျာတွေမရေးခဲ့ကြသေးဘူးမဟုတ်လား။ ဒါဆိုရင် အဲဒီတာဝန်ကို ကျွန်တော်ပဲ အလိုက်တသိယူပါရစေ။ I am @ ur service.

ဒီလိုပါ။ ဒီလိုပါ။ အသည်းကွဲခြင်းဟာ ယန္တရားစက်တစ်ခုလို စက်ဖွင့်ရုံနဲ့ဝုန်းခနဲပြုတ်ကျလာတာမဟုတ်ဘူး။ ထင်သလောက်လည်း မပေါ့ဘူး။ လေးတယ်။ တော်တော်လေးကို လေးတယ်။ သွေးတိုး၊နှလုံးရှိသူတွေဟာ အသည်းကို ယောင်လို့တောင်မကွဲစေနဲ့၊ ကျန်းမာရေးအတွက် အသည်းကွဲတာကိုရှောင်သင့်တယ်။ မတော်တဆကွဲပြီဆိုရင်တောင် သွေးတိတ်အောင် ဒဏ်ရာကိုကြပ်စည်းပါ။ ၀ါးခြမ်းပြားနဲ့ တည့်မတ်ပေးပါ။ ဦးခေါင်းကိုမော့ထားပါ။ အသက်၀၀ရှူပါ။ ကမ္ဘာမပျက်သေးဘူး။ ပိုချောတဲ့ ကလေးမလေးတွေအများကြီးကျန်သေးတယ်။ အဂျာအဂျာဖိုက်တင်း၊ စိတ်ကိုလည်းတင်း။ လူလည်းတင်းပဲ။ နှလုံးသွင်းမမှားစေနဲ့။ ပြတ်ပြီးသား ရည်းစားကို လွမ်းတဲ့လူနဲ့ နောက်တစ်ယောက်ရှာတဲ့သူမှာ နောက်တစ်ယောက်ရှာတဲ့သူက တရားရှိတယ်လို့ အရှင်ဆန္ဒာဓိကက မိန့်တယ်။ တရားနဲ့အညီနေထိုင်ကိုယ့်ညီ။ ဘောလုံးကွင်းထဲက မြက်က စိမ်းပေမယ့်စားလို့မရဘူး။ ပရေရီပြန်ရောက်ရင် ဘ၀ကြီးပြန်လည်းစိမ်းစိုလာမယ်။ မပူနဲ့။ ခဏလောက်တော့သည်းခံ။ အသည်းကွဲတာ ၀ဋ်နာကံနာမဟုတ်ဘူး။ အာဂန္တုဖျားပါ။ ဆေးမြီးတိုတွေလည်းများတယ်။ သေတတ်တယ်ထင်တဲ့သူတွေကလွဲရင် မသေတော့ဘူး။ ခြင်ကိုက်တာ ပုရွက်ဆိတ်ကိုက်တာထက်တော့နာတာပေါ့။ 9/11 မှာ တိုက်ပေါ်က ခုန်ချတဲ့သူလောက်တော့မနာဘူး။ သိပ်လည်းစိုးရိမ်စရာမရှိပါဘူး။ တရားနဲ့အညီနေထိုင်ပါ။ အိုကေသွားမယ်။

ရည်းစားဟောင်းဟာ မင့်အခွက် မမြင်ချင်ဘူးဆိုတဲ့ ရောဂါရနေတာကိုလည်း သည်းခံ။ ဒါကလည်းဒီလိုပဲ။ မင်းကလည်း မင်းဒုက္ခနဲ့မင်းမဟုတ်လား။ ကိုယ့်ဒုက္ခကိုယ်ရှာကြပြီး ကိုယ်ရှာတဲ့ ဒုက္ခကိုယ်ရတဲ့အခါမှာ ဒီလိုပဲဖြစ်တတ်တယ်။ သန်းငါးထောင်ကျော်မှာ မင်းတစ်ယောက်တည်းအသည်းကွဲရသလားလို့လည်းမထင်နဲ့။ youtube မှာရှာကြည့်၊ နိုင်ငံတစ်ဝှမ်းမှာ အသည်းကွဲနေကြတဲ့သီချင်းတွေရှိတယ်။ google translate နဲ့ ဘာသာပြန်ကြည့်ရင် ဘာသာအသီးသီးနဲ့ အသည်းကွဲစကားလုံးတွေမင်းရမယ်။ တစ်ခုခုတော့လုပ်မှဖြစ်မယ်။ တစ်ခုခုမဟုတ်တာလည်း လုပ်မှဖြစ်မယ်။ ဘာမှမလုပ်ရင်လည်းဖြစ်တယ်။

အသက်မှန်မှန်ရှူနေလား။သွေးပေါင်ချိန်ငြိမ်လား။စိတ်ငြိမ်လား။ မောနေလား။ အထိမ်းအမှတ်ပစ္စည်းတွေကတော့ ပိုးဟပ်အသေတွေလိုပဲ ခေါင်းပြတ်အတိုင်း ခုနစ်ရက် အသက်ရှင်နေဦးမယ်။ ရည်းစားစာတွေကိုတော့ ရွှေငါးတွေရဲ့မှတ်ဉာဏ်လို သုံးလကြာရင်မေ့သွားမယ်လို့မှတ်ထားလိုက်။ ကျန်တာတွေက အလတ်ကြီး၊ နှလုံးသားဟာ အလတ်ကြီး၊ နည်းနည်းအက်သွားရင်လည်း မသိမသာ ပတ်တီးနည်းနည်းကိုင်လိုက်၊ ပေါ်လစ်ခ်ျတင်၊ ဆေးပြန်မှုတ်၊ ပလတ်စတစ် layer တစ်ထပ်အုပ်ထားလိုက်။ မင်းဟာ refurbished ပေမယ့် အသစ်အတိုင်း warranty ကျန်သေးတဲ့ apple mac book pro ပေါ့။ နှလုံးသားတွေဟာ ထင်သလောက်လည်းမနုဘူး။ ထွက်ခွာသွားသူမလေး/ကြီး အတွက် တံခါးကို တင်းတင်းစေ့ထားလိုက်။ ၀င်စို့ထွက်စို့ လုပ်လို့မရဘူးဆိုတာကိုလည်း ကိုယ့်ဘာသာသေချာမှာထားလိုက်။ အိမ်သာ flush လို ဝေါကနဲ တစ်ကြိမ်၊ serial killer လို safety shot တစ်ကြိမ် သေချာစေလိုက်။ 

မင်းအသက် နှစ်ဆယ်ရောက်ရင်အသည်းကွဲတာဟာ ကာကွယ်ဆေးထိုးခြင်းတစ်မျိုးလို့နားလည်လာလိမ့်မယ်။

အောက်ဆီဂျင် နည်းနည်းနည်းသွားတာပါ။
အသက်ရှူနည်းနည်းလေးပိုကြပ်မှာ။

ခဏတဖြုတ်ပါပဲ။
အားလုံးကောင်းသွားမယ်။

ကောင်းကင်က ငွေရောင်အနားသတ်ကိုမြင်ရဖို့ ကောင်းကင်ကို အနက်ရောင်ခြယ်ထားရတယ်။

မနက်ဖြန် အရုဏ်အလင်းမှာ အသည်းကွဲခြင်းဆိုတာကို မင်း ခပ်မျဉ်းမျဉ်းရယ်လိုက်လို့ရရင် နလံထပြီးလို့ပြောနိုင်တယ်။

အချစ်ဟာ ကစားနည်းတစ်ခုမဟုတ်တဲ့အတွက် အသည်းကွဲတာကို ပင်နယ်တီမတောင်းမိစေနဲ့။

ဒီလောက်ပါပဲ။
ကျန်တာတွေကို ဘ၀က ဆက်သင်ပါလိမ့်မယ် ငါ့ညီ။

ရင်ကွဲနာကျကုန်သော ငါ့ရှင်တို့ .... အသည်းကွဲခြင်း ဖြင့်ရနိုင်ရောက်နိုင်သော ကဗျာအတိုအစတို့ကိုသာ ရေးနိုင်ကုန်ကြသည် ဖြစ်စေသော်ဝ်။                    ။

Regards,
Xanthos






Tuesday, September 27, 2011

သူဘယ်သူလဲ Google?

သူဘယ်သူလဲ Google?

ကဗျာမရေးဘဲနေတာအကုသိုလ်နည်းတယ်လို့ပြောတယ်။
သဝေထိုးရိုက်ထည့်လိုက်ရုံနဲ့ ဦး Google ကြီးက ပေါက်ကရတွေ ထုတ်ပေးတော့တာပဲ။ ဟတ်ပီးဘာ့သ်ဒေးပါ ဦးဂူဂယ်။ အောင်မြင်ပါစေ။ ကျွန်တော် ရှယ်ယာမ၀ယ်ထားမိတာခွင့်လွှတ်ပါ။ cloud လည်းအောင်မြင်ပါစေ။ +လည်း ပေါက်မြောက်ပါစေ၊ မျှော်လင့်ထားတာတွေဖြစ်တတ်ရင် ကျွန်တော့်ဘ၀ရဲ့ လက်ကျန်တစ်ခြမ်းကို ခင်ဗျားရဲ့ search algorithm ရဲ့ ညာဘက်မှာထားပေးပါ။

အသည်းကွဲတုန်းက search ထဲမှာ အသည်းအသန်ရှာနေမိတယ်။ how to live without a sweetheart? ခင်ဗျားကြီးက အဖြေအမှားကြီးပေးတယ်။ မိန်းမယူလိုက်တဲ့။ ဘာလဲ။ နောက်တာလား ဦးဂူဂယ်။ တစ်ချို့က တရားနာဖို့ရှာနေတယ်။ ကျွန်တော်က P0RN stars တွေကိုရှာနေတယ်။ ဦးဂူဂယ်က ဘယ်ဘက်မှာအားသန်လဲ။ ကျွန်တော်သိပါတယ်။ အဲဒါကို optimized search ခေါ်တယ်လေ။ search results တွေကို search result တွေအပေါ်မူတည်ပြီး ပြန်ပြုပြင်ယူတာ။ ဦးဂူဂယ်ကြီးက ထာဝရလေ့လာသူကြီးလေ။ ဦးဂူဂယ်ကြီး မသိတာမရှိဘူး။ ဒါပေမယ့် အတိအကျတော့လည်း မသိဘူး။ ဦးဂူဂယ်ကြီး နောက်ပိုင်းနှစ်တွေမှာ လောဘတက်တယ်ဗျာ။ star hub broadband လို့ရိုက်ထည့်တာကို ကျွန်တော့်ကို ဘာလို့ M1 ပြတာလဲ။ ငွေယူထားလို့ပေါ့။ ဦးဂူဂယ်ကြီးက ငွေပေးရင် ထိပ်ဆုံးမှာထားမယ်တဲ့။ ခင်ဗျားလောဘကြီးတယ်ဗျာ။

Buzz ကို ကျွန်တော်တို့မုန်းတယ်။ Gmail ကိုချစ်တယ်။ Google search ကို ကျွန်တော်တို့ ကြည်ညိုလို့မီခိုတယ်။ ဦးဂူဂယ်ကြီးက ကျွန်တော့်မေးလ်တွေခိုးဖတ်တယ်။ ကျွန်တော်က ဆေးရုံအကြောင်း hospital လို့တစ်လုံးလောက်ရေးရင် ကျွန်တော့်မေးလ်ဘေးမှာ ဆေးရုံတွေ ကြော်ငြာတော့တာပဲ။ အဲဒါကြောင့် ဦးဂူဂယ်ကြီးရဲ့မေးလ်ကို အောက်လွတ်ခ်နဲ့ပဲချိတ်သုံးတယ်။

ဦးဂူဂယ်လ်ကြီးက status image တွေကိုလည်း public ကိုပြတယ်။ ခင်ဗျားကြီးကိုမုန်းတယ်။ search image ဆိုပြီးရှာလိုက်ရင် ဘာလို့ရည်းစားဟောင်းပုံကိုပြတာလဲ။ ခင်ဗျားဟာ လူဇိုး။

ကျွန်တော့်ကို ဘာလို့ plus သုံးစေချင်ရတာလဲ။ ကျွန်တော့်နာမည်မှာ ပါတဲ့ invalid character တွေကို ဘာလို့ဖြုတ်စေချင်ရတာလဲ။ ကျွန်တော်ဘယ်ရောက်နေလဲ ဘာလို့သိချင်ရတာလဲ။

ဦးဂူဂယ်ကြီးရဲ့ ဂယ်လရီတွေကို ကျွန်တော်ရောက်တယ်။ ကြိုက်တယ်။ သွေးကြောတွေနဲ့ ခန္ဓာဗေဒကို ကျွန်တော်သဘောကျတယ်။ google gravity ကိုလည်းကြိုက်တယ်။ Google Docs ကိုလည်းကြိုက်တယ်။ Google Bookmarks ကြိုက်တယ်။ Google Chrome ကြိုက်တယ်။ Google Reader ကြိုက်တယ်။ iGoogle ကြိုက်တယ်။ Picasa ကြိုက်တယ်။ Blogspot ကြိုက်တယ်။ Youtube ကြိုက်တယ်။ ခင်ဗျား ကျွန်တော်တို့ဘ၀ထဲ ၈၅ ရာခိုင်နှုန်းလာပတ်သက်နေတာကိုကြိုက်တယ်။ Laptop အလကားပေးမယ်ဆိုပြီး တောင်းတဲ့အခါမပေးလို့ အဲဒီ project ကို စိတ်နာတယ်။

ဟတ်ပီးဘာ့သ်ဒေးပါ ဦးဂူဂယ်။
အန်ကယ်ရာဟုသေတော့ ဦးဂူဂယ်ပျင်းနေမှာပေါ့။

ကျန်းမာရေးဂရုစိုက်ပါ ဦးလေး။
ရှေ့နှစ်မှာ ဦးလေးတို့ ဆက်လက်အောင်မြင်ပါစေ။

Regards,
Xanthos

Tuesday, September 20, 2011

စကားလုံးများဖြင့်ဆော့ကစားခြင်း

စကားလုံးများဖြင့်ဆော့ကစားခြင်း

Aရာဝတီကို ငါသွားB
အသံ တCစီကြားရတဲ့ Dနေရာ၊
ဂဂျာE လို့နှုတ်ဆက်တော့ ပျော်သွားတယ်။

ရွှေဉာဏ်တော်ေ-ာက်ပါတွေကိုတော့၊
What the F***!! မိတာလည်းများပြီ။
ဂGဂဂျောင်များတဲ့အကောင်ပလောင်တွေ
Hတစ်လုံးထဲနဲ့ အမျိုးမျိုးဟောင်တယ်။
I သည်သာ အသိဆုံးဆိုတော့လည်း
ပြောရင် J ၀င်တယ်ထင်ဦးမယ်။ (သောက်ပေါက)

မအိုKတော့ဘူး၊
နောက်ဆိုရင် Lပိုင်းလည်း ရှိချင်မှရှိတော့မယ်။
Mမယ် စေတနာနဲ့လုပ်ဆောင်တယ် နောက်မဆုတ်ဘူးဆိုတဲ့၊
Nချင်စရာစကားတွေနဲ့
ဝုတ်ဝုတ်ပါးစပ်က ၀ုတ်ဝုတ်စကားထွက်တာ Oဟောင်းလွန်းပြီ ငါ့ကောင်ကြီးရေ။

Pပီပြင်ပြင်ကို ရောင်းစားနေတာပါ။
Qမီ၅ ဆိုပြီးအော်နေတဲ့မြစ်ရဲ့ အသံကို ကြားနိုင်ကြမယ်မထင်ဘူး။
Rချောင်ပြီးဆန့်ကျင့်နေတာမဟုတ်ဘူး သောက်ပေါလေးရေ၊
Sစပ်လား (အပ်စက်လား) မအပ်စပ်လားမသိ
ငွေမြင်တိုင်းလင်လုပ်မယ့် အထာကိုကေ-ာက်မြင်ကပ်စရာ။
Tတီထွင်ထွင်ပြောတဲ့ ပိုလို့ရောင်းတာပါကတော့
ေ-ာက်ပေါတွေရနိုင်တဲ့ အမြင့်ဆုံး ဆုကို တစ်ခွန်းထဲနဲ့ဆွတ်ခူးသွားစေခဲ့ပြီ။

Uလို့ရသမျှယူမယ်ဆိုတဲ့အေးဂျင့်စီကတော့ ဒူးကိုနှံ့လို့ပဲ။
Vတိုအာဏာနဲ့ ဒီမိုကရေစီမှာ
W(Doubleယူ) ဆိုတဲ့ နှစ်ဆယူမယ့်ကောင်တွေချည်းပဲ။

Xစက်နေလို့မရအောင် ဆူညံတဲ့ခွေးဟောင်သံတွေနဲ့
ချဉ်သွားတဲ့ Yလို သုံးစားမရတဲ့ သောက်ပေါအူသံကြားမှာ
ငါတို့ရဲ့ ဧရာဝတီမြစ်ကြီး Zပြတ်/ပျက်သွားတော့မယ် ငါ့ညီ။                  ။

Regards,
Xanthos

Glossary

ဂဂျာE= ဂဂျာအီးဆိုတာကတော့ ကချင်လို နေကောင်းလားလို့အဓိပ္ပာယ်ရပါတယ်။
Lပိုင်း=Alpine=Alpine climate မှာပေါက်တဲ့အပင်တွေကိုဆိုလိုချင်ပါတယ်။
 J ၀င်တယ်= Jealous ဖြစ်တယ်လို့ဆိုလိုပါတယ်။
Qမီ၅=救命!jiu ming ကိုပြောတာပါ။ ပေါင်ချိန်ကားတွေမှာ ပေါင်ချိန်ကြီးကယ်ပါဦး။ ဆိုရင် ပြေးပြေးလာပြီးအော်ကြတယ်။ နောက်က ငါးလိုလို အားလိုလို လားလိုလို အသံကတော့ အပိုထည့်တာပါ။ အိုကေလား လိုမျိုး အပိုထဲ့တဲ့လားနဲ့တူတယ်။

Zလမ်းပမာ


Zလမ်းပမာ

Astrud Gilberto and Stan Getz: THE GIRL FROM IPANEMA - 1964 နားထောင်ရင်း ပြန်သတိရမိတဲ့အကြောင်းပြောမယ်ပြောမယ်နဲ့ကို မပြောဖြစ်တော့ဘူး။ မပြောဖြစ်တော့ဘူးဆိုတာမှာလည်း ပြောချင်စိတ်မရှိတော့တာလည်းပါတယ်။ ရည်းစားဘ၀ဆိုတာ တစ်နှစ်ကနေ ခြောက်နှစ်အထိလောက်ကြာတတ်ပြီး ကြိတ်နှုန်းအားဖြင့် သုံးနှစ်လောက်ဆို လမ်းခွဲရင်ခွဲ မခွဲရင် ယူလိုက်ကြတာပဲ။ ဘယ်ဟာက ပိုဇာတ်နာမှန်းတော့မပြောတတ်ပေါင်။ မပြောတတ်ဆိုတာလည်း သေချာစဉ်းစားလေပြောရခက်လေပဲမဟုတ်လား။

ဝေးသွားရင် သွေးအေးသွားကြပြီး ငါးတွေဖြစ်သွားတယ်တဲ့ အချစ်ရေ။ ငါတို့က ငါးတွေလား။
ငါးတွေဆိုရင် ရေနစ်သေလို့မဖြစ်ဘူး။ ဒါဟာ ငါးသဘာဝနဲ့ဆန့်ကျင်တယ်။ ငါးမှန်ရင် အဖျင်းဆုံးငါးကရေနစ်မသေရဘူး။ အနည်းဆုံး အောက်ဆီဂျင်အပြည့်ရှိနေတဲ့ ရေသန့်ထဲမှာတော့ ရေနစ်မသေသင့်ဘူး။ ဒါကို မင်းကိုငါပြောပါတယ်။ ငါလိုအပ်တာ ကြယ်ပွင့်တွေမဟုတ်ဘူး။ ငါလိုအပ်တာ တစ်သက်လုံးတွဲထားမယ့်လက်တစ်ဖက်ပါ။ အဲဒီအတ္တထဲ အလုံပိတ်ဆောင်းခိုနေတာများပြီ။ တကယ်တော့ များပြီဆိုတာထက်လည်းပိုတယ်။ အခုအချိန်မှာ ပြန်စဉ်းစားလိုက်တိုင်း နာနတ်သီးတွေပဲ တစ်လုံးပြီး တစ်လုံးပေါ်လာတယ်။ ဘာလို့လဲတော့မပြောတတ်ပေါင်။ မပြောတတ်ဆိုတာလည်း သေချာစဉ်းစားလေပြောရခက်လေပဲမဟုတ်လား။

ဂလက်ဒီယေးတားဟာ အပျော်တမ်း ထင်းခွဲနေမှာလား။ ဟင့်အင်း။ ငါမယုံပါဘူး။
ရည်းစားဘ၀ဆိုတာ အိမ်မက်တွေကို အိမ်မက်တွေအတိုင်းလုံလုံခြုံခြုံထိန်းသိမ်းထားဖို့ပဲကောင်းတာ။ ကြက်သွန်ခွာသလို၊ ဂေါ်ဖီထုပ်ခွာသလို အတူတူတွေကို အတူတူမှန်းသိနေရင် မာယာတွေကို ခွာကြည့်နေစရာမလိုဘူးမဟုတ်လား။ ငါတို့ ဟန်ဆောင်ပန်ဆောင် တေးသွားတစ်ခုကို လေချွန်ခဲ့ကြတာမဟုတ်ဘူးလေ။ အဲဒါ ချစ်ခဲ့ကြတာ။ ချစ်တယ်ဆိုကတည်းက ဟန်ဆောင်နေတာမဟုတ်ဘူး။ အာလူးကို အကွင်းလိုက်လှီးနေတာ၊ ပုစွန်ကို အလုံးလိုက်ကြော်နေတဲ့ကိစ္စမျိုးမဟုတ်ဘူး။ ချစ်ခဲ့ကြတာ။ တိုင်းရေးပြည်ရေးထက်လည်းပိုအရေးကြီးတယ်။ ဒါက ငါတို့ဘ၀မှာ ရှေ့ဆက်လက်နေထိုင်သွားရမယ့် ဖွဲ့စည်းပုံမဟုတ်လား။ ငါတို့နှစ်ယောက်ပိုင်တဲ့ကမ္ဘာကို မင်းရဲ့ ကန့်ကွက်မဲကို မသုံးသင့်ဘူး အချစ်ရေ။ အနည်းဆုံး မဟုတ်လား။ မင်းကို ငါက တွေ့ချင်တယ်ဆိုတာ ချစ်လို့မဟုတ်လား။ မဟုတ်လားလို့ ငါမေးနေတာ ငါက ငါမဟုတ်လို့ မဟုတ်လား။ ငါက ရူးနေတယ်လေ။ မင်းသိတဲ့ငါက ငါမဟုတ်ဘူး။ အရူးတစ်ယောက်ပဲ။ အရူးတစ်ယောက်ဟာ ဘာများလုပ်နေမလဲ အချစ်ရေ။ မင်းသိပါတယ်။ အရူးတစ်ယောက်ဟာ အိပ်မပျော်ဘူး။ တစ်ညလုံး ကြောက်နေတယ်။ အရူးဟာ မနက်ဖြန်ကြီး သူ့ဆီကို တည့်တည့်တိုးဝင်လာတာကို တညလုံး ထိုင်ကြည့်နေရတာ။

မင်းတွေးကြည့်လိုက်။ အရုးတစ်ယောက်ရဲ့ ကမ္ဘာဟာ ကျဉ်းကျဉ်းလေး။ ချစ်တဲ့သူ အနည်းငယ်နဲ့ သူ့ခြံစည်းရိုးလေးသူခတ်ပြီး အထဲမှာ ကြုံ့ကြုံ့လေးထိုင်နေတာ။ မရှိတဲ့အသံတွေသူကြားနေရတာ။ သူကြားနေရတာတွေက သူ့အတွက် အစစ်ပဲ။ အရူးတစ်ယောက်ဟာ ရူးသွားမှာကြောက်နေတဲ့စိတ်နဲ့ နေထိုင်နေရတာ။ အရူးတစ်ယောက်ဟာ အိပ်မပျော်လို့ ချိုင့်ဝင်နေတဲ့မျက်တွင်းဟောက်ပက်နဲ့နေထိုင်နေရတာ။ အရူးတစ်ယောက်ဟာ သူ့ချစ်သူကို ရူးသွားမှာကြောက်တဲ့အကြောင်း စာအုပ်လေးထဲမှာ မှိုင်တွေငေးရင်းရေးနေမိတာ။ အရူးတစ်ယောက်ဟာ ဘာမှမမျှော်လင့်ဘူး။ မနက်ဖြန်တွေကို ကြောက်နေတယ်။ ဒီလောက်ပဲ။ အရူးတစ်ယောက်ဟာ အရူးအမူး သိမ်ငယ်နေတယ်။ အရူးတစ်ယောက်ဟာ အရူးအမူးကြောက်ရွံ့နေတယ်။

အရူးတစ်ယောက်ဟာ မနုံလှဘူး။ အရူးတစ်ယောက်ဟာ သူ့ရင်ဘတ်ထဲက ဘယ်သူထွက်သွားမယ်ဆိုတာလောက်မသိလောက်အောင်လဲ မပြိန်းလှဘူး။ အဲဒါ အရူး ဇာတ်နာသွားတဲ့အကွက်ပေါ့။ ပြက္ခဒိန်တွေကတော့ အဲဒီလကို ၂၀၀၇ စက်တင်ဘာ ၄ ရက်လို့ခေါ်တယ်။ ဒါပေမယ့် အဲဒါဟာ အရူးအတွက်တော့ armageddon ပဲ။ အရူးဟာ ရူးနေရတာကိုတောင်ကျေနပ်သွားတယ်။ အရူးဟာ အသည်းကွဲရင်းရူးနေလိုက်တယ်။

အရူးဟာ မြောက်ဒဂုံမှာ တရားသွားမှတ်နေတယ်။ ဘုန်ကြီးကျောင်းမှာနေတယ်။ တရားနဲ့ရူးနေတယ်။ ကလျာဏပုထုစဉ်အရူးဆိုတော့ သူ့ကို အရူးလို့ခေါ်ရင် သူက ရူးရူးကြီးပြုံးနေမှာ။ အရူးအမေကလည်း မနေသာဘူး။ အရူးသားကို ရူးသွားမှာစိုးလို့ လိုက်ပြီးစောင့်ရှောက်တယ်။ အရူးနဲ့သူ့အမေဟာ ထမင်းကို ၀ယ်စားတယ်။ ဘုန်းကြိးကျောင်းနားမှာ ထမင်းဆိုင်လေးရှိတယ်။ ဘုန်းကြီးကျောင်းက မဟာဂန္ဓာရုံကျောင်းခွဲဖြစ်တယ်။ စိတ်ကောင်းရှိဖို့ ပထမတဲ့။ အရူးပေမယ့် စိတ်ကောင်းရှိတယ်လို့ သူ့ကိုယ်သူ ထင်တယ်။

အရူးဟာ အကုသိုလ်ကံမသေးဘူး။ နောက်ထပ်ရိပ်သာတစ်ခုကိုဝင်တယ်။ ၁၄ ရက်ပေမယ့် သူ ဆယ်ရက်မှာထွက်လာတယ်။ တော်တော်လေး စိတ်ပိုင်းဆိုင်ရာ ဒုက္ခတွေခံလိုက်ရတယ်။ မထွက်လာလို့လည်းမဖြစ်ဘူး။ သူ့လမ်းကြောင်းသူသိတယ်။ အရူးဟာ ဆေးရုံကိုသွားရတယ်။ အရူးဟာ တစ်လလောက် ကုသမှုခံယူရတယ်။ သူပြန်အိပ်နိုင်ပြီ။ သူ အာရုံပြန်စိုက်နိုင်ပြီ။ သူသူ့စိတ်ကို ပြန်သိပြီ။ သူ့အတွေးစဉ်တန်းကြီးဟာရပ်သွားပြီ။ အရူးဟာ မရူးတော့ဘူး အချစ်ရေ။ အရူးမဟုတ်တော့တဲ့အခါမှာ သူ့ဒဏ်ရာတွေဟာ ပိုနာလာတယ်။ အရူးဟာ အရူးမဟုတ်တော့ဘူး။ အရူးဟာ ဟက်ကာဖြစ်လာတယ်။ အရူးဟာ ဘာတွေကို hack မလဲ။ မသိဘူးအချစ်ရေ။ ကြုံရာတော့မဟပ်ဘူး။ ကြုံရာဟပ်တဲ့သူတွေထဲမှာလည်း အရူးမပါဘူး။ သူက အရူးမှမဟုတ်တော့တာ။

အရူး မဟုတ်တော့တဲ့သူဟာ ဘာတွေလုပ်နေမလဲ။ သူ လက်စားချေဖို့ပဲလုပ်နေတာပေါ့။ သူ့ကို မကောင်းခဲ့တဲ့သူကိုပေါ့။ အနည်းဆုံး စိတ်ဒုက္ခကနေ အများဆုံး အသက်အန္တရာယ်အထိပေါ့။

သူ့မှာ တခြားဥပဒေမရှိဘူး။ မျက်လုံတစ်လုံးဆုံးရှုံးရင် မျက်လုံးနှစ်လုံးနဲ့ ခေါင်းပြတ်တစ်လုံး ပြန်လိုချင်တယ်။
အဲဒါသူ့ တရားဥပဒေသပေါ့။ သူဟာ ဘာမဆိုကို အကွက်ချတယ်။ အကွက်တွေအများကြီးချတယ်။ စီစဉ်စရာတွေ စီစဉ်တယ်။ အရူးမဟုတ်တော့တဲ့အခါမှာ သူ့မှာ မြင့်မားတဲ့ အသိဉာဏ်ရှိလာတယ်။ ကြောက်မက်ဖွယ်ရာ တိုးတက်လာတဲ့ ရက်စက်မှုတွေရှိလာတယ်။ အများအမြင်မှာ သူဟာ ပြတ်သွားတဲ့ ရည်းစားကို လွမ်းဆွတ်သယောင်တွေ လုပ်ခဲ့တယ်။

သူ့စိတ်ထဲမှာရိုးရိုးလေးတွေးထားတယ်။ သွေးညှီနံ့ကိုမှတ်မိနေတဲ့ငါးမန်းလို သူဟာ ရန်သူကို သိတယ်။ အနံ့ခံတယ်။ အားလုံးကို သူသိနေတယ်။ သတင်းတွေကို သူရနေတယ်။ သူဟာ ကြောက်စရာပိုကောင်းလာတယ်။ ဘယ်သူမှမသိပေမယ့် သူ့မှာ ကြောက်စရာ အစွမ်းအစတွေပိုများလာတယ်။ လူတစ်ယောက်သေသွားတာ သိပ်မနာကျင်ပေမယ့် လူ့တစ်ယောက်ရဲ့ စိတ်သေဆုံးသွားတာ ပိုပြီးနာကျင်စရာကောင်းတယ်။ သူဟာ စိတ်တွေကို ဘယ်လို သတ်ရသလဲဆိုတာကိုပဲလေ့လာနေတော့တယ်။

သူဟာ တဖြည်းဖြည်း Dark arts/Magic ကို စိတ်ဝင်စားလာတယ်။ ဒါတွေကို ဘယ်လို အသုံးချရမလဲ။ ဘယ်သူ့ကို စမ်းသပ်ကြည့်ရမလဲ စပြီးတွေးလာတယ်။ သူ့ရန်သူတွေကို စပြီး စမ်းသပ်ကြည့်တယ်။ ရန်သူအသေးလေးတွေကို စမ်းသပ်ပြီး သူ့ရဲ့ ပါဝါကို ခန့်မှန်းကြည့်တယ်။ ဘယ်သူတွေ ထိခိုက်ပြီး၊ ဘယ်သူတွေမှာ မအောင်မြင်ဘူးလဲ။ သူတိတိကျကျလေ့လာတယ်။ တိတိကျကျ ကျင့်သုံးတယ်။ သူလွဲချော်လို့မဖြစ်တဲ့ရန်သူအတွက် သူပြင်ဆင်တယ်။ သူဘယ်တော့မှ စောစောမအိပ်ဘူး။ ညပေါင်းများစွာ သူ လေ့လာနေတယ်။ အချိန်အနည်းငယ်လောက်အိပ်ရရင်ရပြီ။ တစ်နာရီ၊ နှစ်နာရီလောက် အိပ်ရရင်လည်းရပြီ။

သူ စိတ်ကို အသုံးချပြီး ထောက်ချောက်တွေလုပ်တတ်လာတယ်။ သူ စိတ်ကို ဓားတစ်လက်လို သုံးတတ်လာတယ်။ သူအစစအရာရာပြင်ဆင်ခဲ့ပြီးပြီ။

အိမ်မက်တွေကို ဖတ်ရှူရင်း သူ့တားရော့ထ်ကဒ်တွေကိုကြည့်ရင်း အချိန်အခါကိုစောင့်နေခဲ့တယ်။
2011 စက်တင်ဘာ။ သူ လေတစ်ချက်ချွန်လိုက်တယ်။
သူ့ဘ၀ကို သူကျေနပ်တယ်။
သူ့အောင်မြင်မှုကိုလည်း နှစ်သက်တယ်။
သူ့ရဲ့ မအောင်မြင်မှုကိုလည်း နှစ်သက်တယ်။
လက်စားမချေဖြစ်တာဟာ
လက်စားချေလိုက်တာပါပဲ ဆိုတဲ့ စကားကို ပြန်ပြီးကြားယောင်မိတယ်။

ဘ၀နှစ်ခုကအဝေးကြီး၊ ကိုယ့်လမ်းကိုယ်လျှောက်လို့ရတယ်။
လက်စားချေဖို့ အချိန်အများကြိးဖြုန်းခဲ့ပြီးပြီ။
အခုတော့ ဘာမှမလိုအပ်တော့ဘူး။

သူလေချွန်လိုက်တယ်။ တေးသွားက လွမ်းလွမ်းဆွေးဆွေး။
သူနာနတ်သီးတွေစားနေတယ်။
သူ့ကြည့်ရတာ ရင်နာပုံလည်းမရဘူး။
ပျော်ပျော်ရွှင်ရွှင်ပဲ။

မနက်ဖြန် သူနဲ့တွေ့တဲ့အခါ အရင်လိုပဲလားလို့မေးတော့ သူက ဒီလောက်ပါပဲလို့ပြောတယ်။

ကျွန်တော်တို့လက်ဝါးချင်း ဖြန်းခနဲရိုက်လိုက်တော့ စက်တင်ဘာ ၂၀ဟာ ညပ်သေသွားတယ်။
ငြိမ်းချမ်းအေးမြပါတယ်။ ။

Regards,
Xanthos

When I send my post to yellowish pain, he replied me :
Dr. Cockroach Ph.D.: They said I was crazy, but I'll show them. I'll show them all! Mwa-ha-ha-ha-ha!
Susan Murphy: Dr. Cockroach, I would really appreciate it if you didn't do your mad scientist laugh while I'm hooked up to this machine.

Thanks, buddy. You make me smile with these quotes. I believe you are still addicted to Animations and still laughing out whole-heartedly, mwa-ha-ha-ha-ha!


Thursday, September 15, 2011

တစ်ခါတစ်ခါ

တစ်ခါတစ်ခါ

မကြာလှတဲ့ မွန်းတည့်ချိန်များစွာကို သမိုင်းစာအုပ်ထဲ ထည့်ရေးထားတယ်မဟုတ်လား။
သူမခွေးကလေးနာမည်က စနိုပီဖြစ်ဖြစ် ဘာဖြစ်ဖြစ်။ ကိစ္စမရှိလှဘူး။
(ကျွန်တော့်တို့လူကြီး နာမည်မပြောင်းချင်မချင်း ဘာမှအရေးမဟုတ်ဘူး။)
ဟုတ်တယ်မလား။ မသေချာသေးရင် ဟုတ်တယ်ပဲထားလိုက်။

ဆိုတော့ကာ ဆိုပြီး ဆက်မရတဲ့ မိန့်ခွန်းလို လေထဲ တန့်တန့်ကြီးရပ်နေရတယ်။
နှလုံးသားကို မီးနီပြထားတဲ့အတိုင်း၊
ဖြတ်လျှောက်သွားတဲ့ သူမအရိပ်ကိုပဲ
ဖိနပ်မှာ ပီကေနဲ့တွဲပြီးကပ်ထားမိတယ်။
(ဂန္ထ၀င်ဆန်ဆန် ရင်ဘတ်မှာ လွမ်းဆွတ်ခြင်းနဲ့ကပ်ချင်ပေမယ့်အချိန်မရလိုက်ဘူး။)
အသည်းမကွဲခင် ကောင်မလေးက ငိုရဦးမယ်။
ကျွန်တော်ကလည်း ကုတ်ကုတ်ကလေး ရင်ကွဲနာကျ အက်တင်လုပ်ရဦးမယ်။
ဒီအလုပ်တွေက ဒီလိုပဲမဟုတ်လား။
လှောင်အိမ်ကို ခင်တဲ့ဝက်ဝံလေးလို၊
ကြက်တူရွေးလေးလို
ပြန်ချိန်ရောက်တော့ ငူငိုင်ငိုင်နဲ့၊
အရင်ကလည်း တစ်ယောက်တည်းပဲ၊
တစ်ယောက်တည်းက နှစ်ယောက်တွဲဖြစ်လာပြီး၊
နှစ်ယောက်တွဲက တစ်ယောက်တည်းပြန်ဖြစ်တာကို
ဒီလောက်ဖြစ်နေတာ တရားမရှိတာပေါ့၊
အေးလေ၊ တရားမရှိတာ၊
ဟုတ်တယ်၊ တရားမရှိတာ၊
ပိုင်စိုးဝေပြန်ဖတ်တော့လည်း
အသည်းက ကွဲတုန်းပဲ မိဝင်းရေ ......။

မူရာကာမိက ကြောင်လေးကိုဖက်လို့
သူကြောင်တွေနဲ့ရိုးရဲ့လား။
အေး .. ရိုးပါတယ်။
ခင်ဗျားဟာ ဘာစကားလဲ။

လူတွေဟာ သဘာဝတရားနဲ့ဆက်စပ်နေတယ်လို့
ယူဆတဲ့ခေတ်တစ်ခေတ်ရှိဖူးတယ်။
(အဗာတာတွေမပေါါ်ခင်ကတည်းက)
အဲဒီလိုဆိုရင် လမ်းခွဲပြီးသား ကောင်မလေးရဲ့ သဘာဝထဲ
ကျွန်တော်တို့ဟာ အငွေ့ပျံရနံ့တွေလို
အသက်ရှူကြပ်ရုံ ဖြတ်သန်းသွားလာဖို့ မသင့်ဘူးမဟုတ်လား။
သဘာဝတရားထဲမှာ သစ်သီးတွေကြွေမှ သစ်ပင်တွေပေါက်ရတယ်။
ဒါနဲ့ သဘာဝတရားထဲ
လေညင်းတွေ မတိုက်ခတ်ရတော့ဘူး။
ဘယ်သူ့ကိုမှ မရည်ရွယ်တဲ့ ဆောင်းရာသီဟာ
ကျွန်တော့်ရှေ့တည့်တည့် ပျက်ကျလာတယ်။

Paul Simon နဲ့ Garfunkel ၊Pink Floyd နဲ့ Kurt Cobain နားထောင်နေတယ်။
ဆုံမှတ်မှာ Triangle ရဲ့ ဗဟိုမှတ်ကိုထားရမယ်။
မနက်ဖြန်မှာ ကြွေမယ့်ကြယ်အဟောင်းဟာ
သေပြီးသားကြယ်တစ်စင်းပဲ။
ကြယ်အသေရဲ့ အလင်းတွေကို
ချစ်နေရတာ ခံရခက်တယ်။

အိုးတိုးအမ်းတန်းအမူအရာနဲ့
ဘာတွေဖြစ်နေတာလဲ။
စက်လှေကားဟာ အတက်လည်း အဆင်း၊
အဆင်းလည်းအတက်၊
သံသရာလည်နေသလို
ဦးခေါင်းကလည်း ချာလပတ်ယမ်းနေပြီ။
ပျက်ကျလာတဲ့ လေယာဉ်ထဲမှာ
ခေါင်းဖီးနေမိရင်လည်းခွင့်လွှတ်၊
တစ်ယောက်ကို တစ်ယောက်
ဓားတစ်လက်စီနဲ့ ညွှန်ထားကြသလို၊
စိတ်ဟာ ဓားထဲမှာပဲရှိတယ်။
ဘာခံစားချက်မှမရှိတဲ့ ဓားသွားဟာ
ငါဖြစ်တယ်။
ပြီးတော့ သူတစ်ပါးလည်းဖြစ်တယ်။
ဓားတွေဟာ တိကျတယ်၊ ပြတ်သားတယ်၊
မာယာမများဘူး၊
ချစ်တဲ့သူကိုလည်း မစွန့်သွားဘူး။

သေသေချာချာဖြေ၊
စဉ်းစဉ်းစားစားဖြေ၊
မှန်မှန်ကန်ကန်ဖြေ၊
ရိုးရိုးသားသားဖြေ၊

ငါမေးမယ့်မေးခွန်းဟာဘာလဲ။ ။

xanthos




Monday, September 5, 2011

ဆောင်းရာသီတေးသွားဖြင့် အသွားလိပ်ဓားသွားများ

ဆောင်းရာသီတေးသွားဖြင့် အသွားလိပ်ဓားသွားများ

စကတည်းက ယဉ်သကိုဆိုသလိုပါပဲဆရာရယ်။ ကျွန်တော့်ယောက္ခမဟာ နေမကောင်းဖြစ်ဖူးတယ်။ အထူးကုဆရာဝန်ဆိုတာကြီးဆီကိုသွားပြီးဆေးဝါးကုသခံပါတယ်။ ဆရာဝန်ကြီးဟာ ဆရာဝန်ကြီးပီပီ လူနာပြောတာနားမထောင်တော့ဘူးဆရာ။ အဲဒါ သက်ဆိုင်ရာကို အကြောင်းပေးပါဆရာရယ်။ မလိုတော့ဘူးဆရာ၊ ဆရာဝန်ကြီး တပည့်မဟာ ကျွန်တော့်မရီးတစ်ဝမ်းကွဲမှန်းဆရာဝန်ကြီးအခုတော့သိသွားပါပြီ။ စကားတွေ ဘာတွေလည်းပိုပြောလာပြီပေါ့ဆရာရယ်။ ဒီလိုပဲဖြစ်သင့်တယ်မဟုတ်လားဆရာ။ ဆရာဝန်ကြီးက အထူးကုကြီးနော်။ ကျွန်တော်ဒါကို မေ့မှာစိုးတယ်။ နှစ်ခါထပ်ပြောမယ်။ အထူးကုကြီး၊ အထူးကုကြီး။ သူ့မှာ အချိန်ပိုမရှိဘူးဆရာ။ သူက လူနာတွေ လိုက်နေတဲ့ ပုလွေဆရာ။ ဆရာတို့အခေါ် piper ပေါ့နော်။ ဟုတ်တယ်မဟုတ်လားဆရာ။ ကျွန်တော် ထွန်ကျူးမိပြီလားမသိ။ ဘွာတေးနော်ဆရာ။ ဒါနဲ့လေ၊ ဆရာဝန်ကြီးဆိုသူပေါ့ဆရာ၊ ဆီးပိုက်ကို နှစ်ရက်အကြာမှာ မကျင့်တော့ဘဲဖြုတ်ခိုင်းတယ်။ ယောက္ခမကြီးအတော်ခံလိုက်ရတယ်ဆရာ၊ ရှောက်ရှောက်ပူလို့မရတဲ့ ငရဲဟာ ဘယ်သေးလိမ့်မလဲဆရာ။ အဲဒီလိုမလုပ်ရဘူးဆိုတာ ဆရာဝန်ကြီးလောက် ကျောင်းမှာ ကြာကြာစာမကျက်ခဲ့ဖူးတဲ့ နာ့စ်တွေတောင်သိတယ်ဆရာ။ ဆရာဝန်ကြီးဟာ အထူးကုကြီးနော်ဆရာ။ ဒါကို ကျွန်တော်အထပ်ထပ်ပြောတယ်။ အထူးကုဆိုတာ ဘာလဲဆရာ။ ကျွန်တော်နားလည်တာကတော့ သူက နည်းနည်းလေးမှာ များများသိရမယ်မဟုတ်လားဆရာ။ သက်ဆိုင်ရာကို အကြောင်းမကြားချင်တော့ဘူးဆရာ။ ယောက္ခမကြီးလည်း ဆေးရုံကဆင်းပါပြီဆရာ။ အထူးကုဆရာဝန်ကြီးလည်း အထူးကုလို့ပါပဲ။ ဇာတ်ပေါင်းသော် ယောက္ခမကြီးက ကျွန်တော့် ယောက္ခမကြီးဖြစ်ပြီး။ အထူးကုဆရာဝန်ကြီးက အထူးကုဆရာဝန်ကြီးဖြစ်လို့ပါပဲ။ အဲဒါကို ဆရာ့ကိုပြောပြတယ်လို့မအောက်မေ့ပါနဲ့ဆရာ။ လမ်းကြုံလို့ပြောတယ်လည်း မမှတ်ပါနဲ့။ အစမ်းပေးတဲ့လျက်ဆားနဲ့ လေလည်ကြတဲ့ခေတ်မှာ ကျွန်တော်ကဗျာရေးနေတာပါ ဆရာ။               ။

xanthos

ဟိဟိ ... အနုပညာစော်တော့မနံဘူးပေါ့ ဆရာရယ်။ ဒါပေမယ့် ဒါက ကဗျာစော်နံမလားလို့ နည်းနည်းလောက်ရှူကြည့်စေချင်တယ်။

Sunday, September 4, 2011

ကွင်းန်ထီးကြီး ဖရက်ဒီ

ကွင်းန်ထီးကြီး ဖရက်ဒီ

ဘိုဟီးမီးယန်း ရပ်(ပ)ဆာဒီ ( Bohemian Rhapsody) ကြိုးပျက်သွားတဲ့ ည ..............တစ်ယောက်ယောက်ကိုချစ်ဖို့ (Somebody To Love) ....ငါတို့ဟာ ချန်ပီယံ (We are the Champions).....လွတ်မြာက်ဖို့ ချိုးဖြတ်ဖောက်ထွက် ချင်တယ် (I want to break free).... ငါ့ကိုအခုမတားဆီးနဲ့ဦး(Don't Stop me now)။... ကိုယ်ဟာ မင်းကို ချစ်ဖို့ ဖြစ်လာတာ။ ငါ့ဘ၀ကို ငါချစ်ဖို့(Love of my life) နောက်တစ်ကောင်သေပြီ (Another one bites the dust)။ ပဉ္စလက်တစ်မျိုးပဲ( A Kind of Magic) အချစ်ဆိုတဲ့ ရုးသွပ်စွဲလန်းဖွယ်လေး (Crazy Little thing called love) ဘယ်သူက ထာဝရ ရှင်သန်ချင်တာလဲ။ (Who want to live forever)၊ ဖိအားများအောက်မှာ(Under Pressure) ဒါကို ငါအကုန်လိုချင်တယ်။ အောင်မြင်မှု (breakthrough) ကိုယ့်ဘာသာ သီးခြားရပ်တည်ခြင်း (Living on my own) ၊ငါလိုနေတာဟာ မင်းပဲ(You are the one I want)။ ဖင်ကြီးမလေးတွေ (Fat Bottoms girls) စက်ဘီးပြိုင်ပွဲ (bicycle race)၊ သူငယ်ချင်းတွေကတော့ သူငယ်ချင်းတွေပဲ (Friends will be Friends)။ မင်းဟာ ငါ့ရဲ့ အကောင်းဆုံးသူငယ်ချင်း (You are my best friend) Radioရူး (Radio ga ga) အခြေအမြစ်မဲ့စိတ်ကူး(innuendo) အလောတကြီး (headlong) မင်းအတောင်ပံတွေဖြန့်လိုက် (Spread your wings)။ သတ်ဖြတ်ခြင်းဘုရင်မ (killer queen)၊ စကြ၀ဠာရဲ့ မင်းသားများ (Princes of the Universe) ပါတီ (Party) ပြပွဲဟာ ဆက်တင်ဆက်ရမယ်။ ( show must go on) အချစ်ဟာ သတ်နေပြီ (love kills) မင်းကို ငါတို့ လှုပ်ပစ်လိုက်မယ်။ (We will rock you).........

ခင်ဗျားဟာ စွပ်ကျယ်ကို တခုတ်တရ၀တ်ဆင်ခဲ့။ စွပ်ကျယ်မှမ၀တ်ရရင် အင်္ကျီ မ၀တ်တာကောင်းမယ်လို့ထင်ခဲ့ .. တခြားခင်ဗျားဘာတွေလုပ်ခဲ့သေးလဲ၊ Heisenberg ထက်တော့ သေချာတာတစ်ခုခုပေါ့၊ တန်ဇေးနီးယားမှာမွေးတဲ့ကလေးတစ်ယောက်အနေနဲ့၊ ခုနစ်နစ်သားမှာ ပီယာနိုတီးတဲ့ကလေးတစ်ယောက်အနေနဲ့ အိန္ဒိယမှာ နေထိုင်ခဲ့ပြီး ၁၂ နှစ်သားမှာ တီးဝိုင်းလေးတစ်ခုထူထောင်တဲ့လူငယ်လေးအနေနဲ့ ခင်ဗျားတစ်ခုခုလုပ်ခဲ့မှာပေါ့။ အဲဒီတစ်ခုခုအတွက်ဆိုပါတော့ ဖရက်ဒီ။

ဖရက်ဒီ .. ဒီနေ့လည်းခင်ဗျားကို ယူထုဘ်မှာ စွပ်ကျယ်နဲ့တွေ့တယ်။ ထုံးစံအတိုင်း မားမား မားမား အော်လို့ပဲ .........။ ။

xanthos

Friday, September 2, 2011

ပြိတ္တာမျက်ရည်နဲ့ ခွက်ပျောက်ကိန်း

ပြိတ္တာမျက်ရည်နဲ့ ခွက်ပျောက်ကိန်း

အဲဒါပါပဲ။ ခေါင်းစဉ်ကြားတာနဲ့ ပုံမြင်တယ်။ သူဖုန်းစားချင်း ခုတ်တဲ့ခွက်စောင်းတွေဟာ ဓားချက်များပမာ၊ နှင်းဖြို ဓားသွားလား၊ ဖင်လှန်ပြေးသိုင်းကျမ်းထဲက နောက်ဆုံးကွက်ပဲလား တစ်ခုခုတော့ သုံးမှဖြစ်မယ် ရုပ်မတ်။ ငါတို့သွားကြမယ်။ ရုပ်ကို မတ်မတ်ထား၊ စိတ်ကိုဆန့်ဆန့်လေးနေ၊ သာယာခြေလှမ်းတွေ၊ စိတ်တွေ၊ စေတသိက်တွေ၊ ကိုက်ခဲနေတဲ့အကိုက်အခဲထဲမှာ သိပ်ထားတဲ့ခံစားချက်တွေ၊ အဲလိယော့ထ်ကပြောတယ်၊ -င့်အမေလင်ကဗျာဆိုတာ ခံစားချက်တွေ လက်ကုန်ဖွင့်ချရတဲ့ အပျော်ကြံပွဲမဟုတ်ဘူးတဲ့။ နိုဘယ်လ်ဆုမရဘူးရင် နိုဘယ်လ်ဆုငြင်းဖူးတဲ့ ဆာ့ထ်ကိုလေးစားရတာပဲ။ အရူးလက်မှတ်မရဖူးတော့လည်း လူကြီးတွေ ဆိုပြီးလေးစားရတာပဲ။ လေးစားရတာပဲ၊ အက်ဇရာပေါင်းကိုလည်းလေးစားရတာပဲ။ ရပ်ကွက်ထဲက ကွမ်းယာအယာကောင်းတဲ့ ဦးဂတုံးကြီးကိုလည်းလေးစားရတာပဲ၊ မန်ချက် မန်ချက်ဆိုပြီး နေးတစ်ဖ် ဘုန်းကြီးကျောင်းသံဝဲ၀ဲနဲ့ ဘုန်းကြီးကျောင်းသားကိုလဲ လေးစားရတာပဲ။ ဒါပဲလေ။ ဖရိုဖရဲကြီး ရင့်ကျက်ခဲ့တဲ့ နေ့ရက်မြောက်များစွာမှာ မှန်ထဲကြည့်ရင်းလေးစားမိတာက မှန်နောက်က ပြဒါးတွေကိုပဲ။ မနက်ဖြန်ကို သာယာစွာ မတ်မတ်ရပ်ပါ။ လက်နှစ်ဖက်ကို ဆန့်တန်းပါ။ လက်ဝဲရော၊ လက်ယာရော၊ နောက်ကျောရော၊ မျက်နှာမူရာမှာ အားလုံး လောကဓံရှိတယ်။ အသက်၀၀ရှူ၊ အောက်ဆီဂျင်မှာလည်း လောကဓံပါတယ် ကိုယ့်လူ။ ပျင်းရင် အတင်းမပြောနဲ့၊ လေလည်ပစ်လိုက်။ ကျန်းမာတယ်။ သုဝဏ္ဏ ဂုံးကျော်တံတားမှာ စက်ဘီးကို လက်လွှတ်စီးဖူးရင်သိတယ်၊ ဘ၀ဆိုတာ လက်ကိုင်ထဲမှာမဟုတ်ဘူး။ ဖင်ထိုင်ခုံပေါ်မူတည်တယ်ဆိုတာကို။ မနေ့တစ်နေ့ကမှ ရထားတစ်စင်းမှောက်တာဟာ ဇလီဖားတုံးကြောင့်ဆိုတာသိတယ်။ ပြန်မရနိုင်တော့မယ့်အတူတူ အခုရှိနေတဲ့ခံစားချက်ကို မကွဲမအက်အောင်သိမ်းထားပြီး နောင်အနှစ် တစ်ထောင်မှာ အန်းတစ်ဈေးနဲ့ရောင်းချင်လာတယ်။ ဘယ်လိုဖြစ်နေရမှာလဲ၊ အိမ်သာတက်ရင်း မီးပြတ်သွားတဲ့အရသာကို မင်းနားလည်အောင်ဘယ်လိုရှင်းပြရမလဲ၊ ဟင်းမပါဘဲ စားခဲ့ရတဲ့ထမင်းတွေရဲ့တန်ဖိုးကိုရော မင်းသိမှာလား၊ မင်း အမေပြောတဲ့ အဆင့်အတန်းဆိုတာ ငါ့မှာမရှိတဲ့ ဘဏ်ငွေစာရင်း ကိန်းဂဏန်းတွေပါကွာ၊ တကယ်တော့ နာနတ်သီးကို ချောင်းထဲပစ်ချမယ့်အစား ငါတို့ခွဲစားလိုက်သင့်တယ်။ အသည်းတွေဟာ မကွဲဘူး။ အရင်လိုပဲ။ တခါတလေလည်း အခုမှ ပိုလို့နေထိုင်ကောင်းလာတယ်လို့ ထင်မိတယ်။ ခက်တယ်။ သမုဒယဆိုတဲ့ ဆာလာအိတ်ထဲမှာ တက်တက်ကြွကြွ ပိုးဟပ်တစ်ကောင်မွန်းသေသွားစရာမရှိဘူးဆိုပါတော့ ကလေးရယ်၊ မဟုတ်ဘူး ကလေးကြီးရယ်၊ ဒီလောက်ပြွတ်သိပ်အောင်ရေးပေမယ့် ၀ါဝါ ဟာ နေမကောင်းဖြစ်နေတယ်။ သူ့အသံထဲမှာ သူဟာနေမကောင်းဘူးဆိုတယ်။ သူဖွင့်နေတဲ့ pINK FLOYD ရဲ့ wish you were here ဆိုတာကို နားထောင်ရင်း စိတ်ဟာ အစိတ်စိတ်ကွဲကြေကုန်တယ်။ မျက်မြင်သက်သေမရှိရင် မှုခင်းဟာ ဘာမှကို မဟုတ်ဘူး။ ကမ္ဘာမပျက်ခင်က နမ်းမိတဲ့အနမ်းတစ်ခုဟာ သေဒဏ်ဖြစ်တယ်။ ဆိုပါတော့ ခက်ခဲနေလား။ မဟုတ်ဘူး ရေးချင်တာတွေ ရှုပ်ထွေးအောင် တမင်လုပ်နေတာ။ အဲဒီကောင်၊ လိုက်ဟ လိုက်ဟ။ ဘာတွေတုန်း။ ဘာသာစကားရဲ့အပြင်ဘက်မှာ ဒါရီဒါ ထမင်းရေပူစည်းနင်းမိထားတာကို ရေးကြီးခွင်ကျယ်မလုပ်နဲ့၊ မင်းခက်ရဲလည်း မိန်းမကြောက်ရတယ်၊ ဒီနေရာမှာ ထမင်းရေစည်းလာမတားနဲ့၊ ဟောဟိုမှာ ... အဲဒီနေရာရဲ့နောက် အနောက်ယွန်းယွန်း၊ အဲဒီတောင်ပေါ်၊ အဲဒိတောင်ပေါ်က ကွင်းပြင်၊ တွေ့လား ၊ ကွင်းပြင်ဘေးမှာ လူစုလူဝေး၊ အာဏာသားကိုလည်းမင်းမြင်နေရပြီ။ ဓားကို အပေါ်ကို လွှဲပြီ။ ကဲခုတ်ပြီ။ ပြတ်သွားတာ ငါ့ရဲ့ခေါင်း။ ကောက်သိမ်းထားလိုက်။ အပျင်းပြေလွမ်းချင်ရင်။ ။

xanthos.

မော်ဒန်ဆန်ခြင်း နိသျည်း။

မော်ဒန်ဆန်ခြင်း နိသျည်း။

ရုံးမှာ scoping document ရေးရင်း ပျင်းလာလို့ ဒီမှာ ခဏလာရေးပါတယ်။ အပျင်းပြေ။ တစ်နေ့မှာ လူတစ်ယောက်ဟာ ပို့စ်ဘယ်နှစ်ခုတင်ရမယ်လို့ ဘယ်သူက သတ်မှတ်ထားလဲတော့မသိဘူး။ တစ်ခုထက်ပိုရေးရင် ပါရာဇိက ကျသလိုပဲ။

တစ်ခုထက်ပိုရင်လည်း ဘာဖြစ်သွားမလဲ။ ဘာမှမဖြစ်ပါဘူး။ ကမ္ဘာကြီးလည်း အရင်လို လည်တော့တာမဟုတ်ဘူး။
အားတဲ့နေ့တစ်နေ့နေ့ကြရင် တစ်ရက်ထဲ ပို့စ် သုံးဆယ်လောက်တင်ကြည့်ဦးမယ်။ အဲဒါဆိုရင်ရော ဘာဖြစ်မလဲ။ ဘာမှမဖြစ်ဘူး။ အဲဒီဘာမှ မဖြစ်တာတွေကို များများလုပ်ကြည့်သင့်တယ်။ တစ်ခုခုဖြစ်သွားမှာတွေပဲ လုပ်နေကြတာ များပြီ။

ဘောလုံးအကြောင်းပြောမယ်။ အဲဒါဆိုရင်ရော ထူးဆန်းနေမလား။
စာထဲမှာ ဘောလုံးအကြောင်းမရေးပေမယ့် ဘောလုံးဝါသနာပါတယ်။ သစ္စာနီပြောတဲ့ ဘောလုံးဆိုတာ လေးထောင့်မဟုတ်ဘူးလို့သိတဲ့သူတိုင်း ဘောလုံးအကြောင်းရေးလို့ရတယ်။

ပြောချင်တာက အာဆင်နယ်။ ဟိုနေ့က ManU ကို 8 ဂိုး 2 ဂိုးနဲ့ရှုံးတယ်။ ဟိုသင်းရှုံးရှုံးသွားတယ်ပေါ့လေ။ ဒါပေမယ့် မတတ်နိုင်ဘူး။ ကျွန်တော်လည်း အာဆင်နယ် ယပ်တောင်ပဲ။ ဒါပေမယ့် ထူးထူးခြားခြားမခံစားရဘူး။ အော် ဆိုတဲ့ အာမေဍိတ် ကို ရွတ်မိရုံပဲ။

နောက်ဆုံး Transfer window ပိတ်ခါနီးမှ ဘီနာယောင်၊ အာတီတာ၊ မာတီဆက်ကား၊ ဆန်းတို့စ် စတာတွေ ၀ယ်တာကလည်း ကလေးကလားဆန်တယ်။ ၀ိုင်းဆဲမှ လုပ်တဲ့ အလုပ်တွေက ဦးနှောက်မပါဘူး။ ၀ိုင်းဆဲလည်း ဆည်ဆောက်နေနိုင်တာမျိုးကတော့ ညစ်ပတ်တဲ့အထဲမှာပါတယ်။ အဆဲခံနိုင်တဲ့သဘောပဲ။ ဒါမျိုးအဆဲခံနိုင်အောင် မော်ရင်ဟိုဆို တမင်တောင်ကျင့်ထားတယ်လို့ဆိုတယ်။

မြန်မာတွေကတော့ ဖွဲမီးတွေပဲ။ ဘာမှမဆို ခဏတဖြုတ်စိတ်အားထက်သန်တယ်။ မကြာခင် ကံပေါ့ဆိုပြီး မောပြီးနားသွားကြတယ်။ မလျော့သောဇွဲဆိုတာမျိုးက queue စီရင်သာ သုံးရတာမျိုးမဟုတ်ဘူးဆိုတာကို မေ့နေကြတယ်။ ဇာတိပုည ဂုဏ်မာနဆိုပြီး အခွန်ဆောင်ပြီးစရုပ်လေးတွေနဲ့ နိုင်ငံကို ၂ % ဖိုးချစ်ရတာလည်းမလွယ်ဘူး။ နိုင်ငံတစ်ခု တည်ငြိမ်အောင်၊ အဆင်ပြေအောင် လုပ်ဖို့ဆိုတာ ထင်သလောက်တော့မလွယ်ဘူး။ ပထမဆုံး လူမည်း သမ္မတနဲ့ အမေရိကန်တောင်မှ စီးပွားရေးပြဿနာကို မရှင်းနိုင်ဘူး။ (ဘွတ်ရှ်သာဆို နောက်ထပ် ရေနံထွက်တဲ့ တစ်နိုင်ငံလောက်မှာ အိုစမာပုန်းနေတယ်ဆိုပြီး ၀င်ဖမ်းပြလိုက်ရင် ပြေလည်သွားနိုင်တယ်။)

အစိုးရကောင်းတာလုပ်လာတဲ့ဟာတွေကြတော့လည်း ဘယ်သူမှအကောင်းမပြောကြဘူး။ ရပ်ကွက်ထဲက ငမူးအရက်မသောက်တော့ဘူးဆိုတာကြားရသလိုပဲ။ ၀ုတ်ဝုတ်မြီးကောက်ကို ရေသန့်ဘူးစွပ်သလိုနေမှာပါလို့ပဲ သဘောထားတယ်။ သဘောထားတဲ့သူတွေလည်းမမှားပါဘူး။ ပျက်အစဉ် ပြင်ခဏဆိုပေမယ့် ပြင်ခဏဟာ ခဏပြင်နေတာလား စောင့်ကြည့်ရဦးမယ်မဟုတ်လား။

လွန်လေပြီးသော သုံးနှစ်ကျော်က ဖိုးဖိုးကြီးရဲ့မြေးဟာ လှိုင်သာယာမှာ ဂျီတီစီတက်တယ်။ စာမေးပွဲခန်းထဲ နာရီဝက်ကျော်မှ ရောက်လာတယ်။ အဲဒါကို သူဘယ်သူမှန်းမသိတဲ့ ဆရာက စစ်မိတယ်။ ပြီးတော့ အဲဒီဆရာက ကြောက်နေရှာသတဲ့။ ဘယ်ကျောင်းသားမဆို နာရီဝက်ကျော်ရင် ဖြေခွင့်မရှိဘူးဆိုတဲ့စည်းကမ်းကို အခုလို ဒီမိုကရေစီ မရခင်မှာတော့ ဆိုးသွမ်းကျောင်းသားတွေဟာ ဒီလိုပြုမူခဲ့တယ်လို့ပြောစမှတ်တွင်တော့တာပဲ။ အဲဒီဆရာကိုလည်း သနားတယ်။ ကြည့်ရတာ ကျောင်းဆရာအလုပ်ပြုတ်ရင် တခြားမှာ ဘာမှ မလုပ်တတ်တဲ့ ဆရာဖြစ်မယ်။

ဆရာ မလုံလောက်တဲ့ပြဿနာနဲ့ ဆရာတွေဟာ ပညာရေးအရပ်နိမ့်နေတာတွေကလည်း ယိုသူရော၊မြင်သူရော နံလည်းနံ ရှက်လည်းရှက်စရာကိစ္စတွေပါပဲ။

နည်းနည်းပိုပြီး စည်းတွေဘောင်တွေနဲ့ဖြစ်သင့်တယ်။

တန်းကိုတော့မနှိမ့်ပေးနိုင်ဘူး။ လွတ်အောင်မခုန်တဲ့သူကျပါစေဆိုတဲ့ ပါမောက္ခတွေလည်း သေကုန်ကြပြီထင်ပါတယ်။ (ပြောတာကြားဖူးတာကြာပါပြီ။ အဲဒါကြောင့်ထင်ပါတယ်လို့ရေးပါတယ်။ မသေသေးဘူးဆိုရင်လည်း မသေသေးဘူးမှတ်ပါ။)

အခုလို ရွယ်တူတွေက ဒု ပါမောက္ခဖြစ်နေကြချိန်မှာ မြန်မာပြည်ရဲ့ နှစ်နာရီခွဲအကွာအဝေးကနောေ-ာက် foul ထုနေတယ်ဆိုတာမျိုးလည်းမဖြစ်စေချင်ပါဘူး။ ကိုယ့်ဘာသာကိုယ် ဆရာ မလုပ်ချင်လို့ ထွှက်လာခဲ့ပြီးပြီပဲ။ ဘာပဲဖြစ်ဖြစ် တတ်နိုင်သမျှ ပညာရေးကို ပိုကောင်းအောင်လုပ်ကြစေချင်ပါတယ်။ ကျန်တာတွေ ညံ့ချင်ညံ့ပါစေ။ ပညာရေးကောင်းနေရင် တစ်နေ့နေ့ ပြန်ပြီး ဦးမော့လာနိုင်သေးတယ်။ မဟုတ်ရင်တော့ လေထီးမပါဘဲ free fall ဆင်းသလိုမျိုးပေါ့။ ရင်ခုန်ဖို့တော့ကောင်းပါတယ်။ တိုင်းပြည်အနာဂတ်နဲ့ ဘွဲရပညာမတတ်ပြဿနာ။ အကျနာမှာတော့ သိပ်ကိုသေချာတာပေါ့။ ။

xanthos.